103[U&Z]

2.7K 312 4
                                    

[Unicode]

Weiboပေါ်မှာ စာပို့ပြီးတဲ့အခါ နင်မုန့် ပြန်ပြီးတော့ "ဒီနေ့ ဘော့စ်က စိတ်ဆိုးနေတာလား" WeChat Groupထဲကို ပြန်သွားလိုက်သည်။

နင်မုန့် : [ငါ့အပေါ် တစ်ယောက်ယောက်က ယွမ်၁၀သန်း အကြွေးတင်နေတယ်]

သူမမှာ စာကြောင်းတစ်ကြောင်းကို တခါ ရိုက်တတ်သော အကျင့်ရှိလေသည်။ နောက်ထပ် စာကြောင်း ရိုက်လို့ မပြီးသေးခင်မှာပဲ Groupထဲ စတင် ဆူညံလာလေ၏။

စုယွဲ့ : [အကူအညီ လိုလို့လား မဒမ်]

ချီရှန် : [စောက်ကျိုးနည်းကြီး! ဟေး နုံအတဲ့ မိန်းမ ဒါဆို အခု နင် ချမ်းသာပြီ မဟုတ်လား]

ဖေးပိုင် : [သူ့ကို သတ်လိုက်ရမလား?]

"???"

နင်မုန့် အလျင်အမြန်ပဲ နောက်စာကြောင်း ရိုက်ပို့လိုက်သည်။

နင်မုန့် : [ဒါပေမယ့် သူတို့ကို ငါ့နာမည် မသိစေချင်ဘူး။ ဒါကြောင့် ငါ့ကို နင်တို့ရဲ့ bankအကောင့် နံပါတ်လေး ပေးလို့ရမလား။ ပိုက်ဆံ သူတို့ လွှဲလိုက်ပြီ ဆိုရင်တော့ ငါ့အကောင့်ဆီကို ပြန်လွှဲပေးပါ]

ချီရှန် : [ငါ့အကောင့်သုံး! ငါ့အကောင့်သုံး!]

စုယွဲ့ : [မဒမ့်ဆီကို privateကနေ စာပို့ထားပါတယ်။ ပိုက်ဆံကို ပြန်လွှဲလိုက်ပါ့မယ်]

ချီရှန်ကို လစ်လျူရှူထားလိုက်ပြီး စုယွဲ့ရဲ့ messageရှိရာဘက်ကို နင်မုန့် ကြည့်လိုက်သည်။

ကျေးဇူးတင်စကား ပြောပြီးတဲ့နောက်မှာ bankအကောင့်နံပါတ်ကို ကူးယူလိုက်ပြီး Weiboဘက်ကို ပြန်ပြောင်းလိုက်သည်။

စုထျန်းထျန်း စတူဒီယိုက အခုထိ တုံ့ပြန်မှု မပေးသေးပေ။ သူတို့ပုံစံက ဘာဆက်လုပ်ရမလဲ စဉ်းစားနေသည့်ပုံပင်။

နင်မုန့်ကလည်း အလျင်စလို မလုပ်ပေ။ သာမန်အတိုင်းသာ အရင်စာတွေကို ဖတ်နေလိုက်ပြီး screenshotယူထားလိုက်လေ၏။

စာတွေကို ဖတ်ပြီးတဲ့အခါ "မူလနင်မုန့်" သုံးခဲ့တဲ့ စုထျန်းထျန်းအတွက် ပိုက်ဆံအများစုက စတူဒီယိုရဲ့ အကြံတွေသာ ဖြစ်နေလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now