51[U&Z]

3.9K 505 4
                                    

[Unicode]

ချောင်ရွှယ်ဟွာသည် ဖြူဆုတ်သွားသည့် မျက်နှာဖြင့် အော်လိုက်လေ၏။

"ထပ်ပြီး မလုပ်ဘူးပဲလား" နင်မုန့် ထေ့ငေါ့သည့် အသံဖြင့် ပြောလိုက်သည်။

"ဒီရုပ်ရှင်က လွဲပြီး တခြားကြိုက်တဲ့ ရုပ်ရှင်ကို နင်ရွေးလို့ရတယ်!"

"ဘာလို့လဲ"

Shifting to Mars သည် တရုတ်မှာ နာမည်ကြီးခဲ့ဖူးတဲ့ သိပ္ပံအမျိုးအစား ဇာတ်ကားဖြစ်လေ၏။ ဇာတ်လမ်းထဲတွင် လူဦးရေ အဆမတန်တိုးပွားလာမှုကြောင့် နောက်အနှစ် နှစ်ဆယ်အတွင်းမှာ ဖြစ်လာမည့် ပြဿနာတွေကို ပြောပြထားတာဖြစ်သည်။ ‌ထိုအခြေအနေတွေကို ဖြေရှင်းနိုင်မည့် အရာမှာ လူဦးရေ တဝက်လောက်က Marsတွင် နေထိုင်ဖို့ ရွှေ့ပြောင်းရန် ရွေးချယ်ရမည်ဖြစ်လေ၏။

သာမန်အားဖြင့်တော့ သိပ္ပံဇာတ်လမ်းတွဲတွေက တရုတ်နိုင်ငံမှာ နာမည်သိပ်မကြီးကြပေ။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက ဒီဇာတ်လမ်းက နာမည်ရတာ မဟုတ်ဘူး။ စိတ်‌အခြေအနေမှန်တဲ့ ဘယ်လူတစ်ယောက်မှ မြှုပ်နှံခဲ့ကြမှာမဟုတ်ဘူး။ နောက်ဆုံး directorကိုယ်တိုင်တောင် သူ့ပိုက်ဆံစိုက်ပြီး ပြီးအောင် ထုတ်လုပ်ခဲ့ရတာ။ ပြီးတော့ အခုသူတို့ အနေနဲ့ ဒီကားကို promoteလုပ်ဖို့ ပိုက်ဆံလိုနေကြတာ။ မြှုပ်နှံတဲ့လူတွေဆီက ဘာအကြောင်းမှ မပြန်တာလဲ တစ်လလောက် ရှိနေပြီ။ သူတို့ဆီမှာ ရင်းနှီးမြှပ်နှံလိုက်တာက ပိုက်ဆံကို မီးရှို့လိုက်တာနဲ့ အတူတူပဲ!"

"ဘယ်သူမှ မကြည့်ဘူးဆိုတာ ရှင်သေချာလား"

နင်မုန့်အနေနဲ့ ဇာတ်လမ်းရဲ့ ဇာတ်ကြောင်းကိုသာ မသိထားရင် သူမကြားခဲ့တာတွေကို အလိမ်အညာလို့တောင် ထင်ရင်ထင်ထားခဲ့မှာပင်။ အများစုက ထိုရုပ်ရှင်ကို ငြင်းခဲ့တာတော့ အမှန်‌ဖြစ်လေသည်။ သို့ပေမယ့်လည်း အဓိကအမျိုးသားဇာတ်လိုက် လီရိချန်က box officeကို ထိပ်ဆုံးထိရောက်အောင် လုပ်ပေးနိုင်မှာဟု ဟော်ကိန်းထုတ်ထားခဲ့လေသည်။ ဒါကြောင့်ပဲ သူကိုယ်တိုင် ထိုရုပ်ရှင်တွင် ရင်းနှီးခဲ့တာ ဖြစ်လေ၏။

"သေချာတယ် သေချာတယ်!" ချောင်ရွှယ်ဟွာ စိတ်မလုံ သလိုဖြင့် ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now