61[U&Z]

3.6K 510 13
                                    

[Unicode]

နင်မုန့်ရဲ့ အမေးကို စုထျန်းထျန်းက ရင်းနှီးသည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "ဒီနားတဝိုက်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး တက်စရာလေးရှိလို့။ ပြီးတော့ ငါရောက်နေတုန်းလေး နင်အဆင်ပြေနေလား  လာစစ်ဆေးကြည့်တာ"

လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။ "စီးပွားရေး? ဇာတ်လမ်းအသစ်အတွက် အလုပ်လုပ်နေရပြီလား"

စုထျန်းထျန်းကတော့ ဘာမှမပြောပဲ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

ချောင်ရွှယ်ဟွာက သဘာဝကျစွာ ဖြတ်ပြောလာသည် "ထျန်းထျန်းရဲ့ သတို့သားလောင်းက 'The Seductress'ဆိုတဲ့ ဇာတ်လမ်းရဲ့ copyrightကို ဝယ်ဖို့လာတာ။ အားလုံးသေချာပြီဆိုတာနဲ့ ရိုက်ကွင်းက မကြာခင်မှာပဲ စမှာ!"

နင်မုန့် မကူမကယ်နိုင်စွာပဲ ငြီးငွေ့စွာ နှာခေါင်းကို ပွတ်နေလိုက်သည်။

ဒီမိန်းမက...ဒီလာပြီး တမင်ကြွားနေတာပဲ!

နေပါဦး...

"The Seductress?"  

လင်းချင်ပေ့ သူမကို ရှင်းပြလာသည်။ "နာမည်ကြီးတဲ့ novelတစ်ပုဒ်ပဲ။ အဲ့တာက ဒီဘက်ခေတ်က အမျိုးသမီးက ရှေးခေတ်ကို အချိန်ခရီးသွားပြီး သူမရဲ့ နာမည် သမိုင်းမှာကျန်ရစ်ခဲ့အောင် လုပ်တဲ့ ဇာတ်လမ်းအကြောင်းပဲ။ အခုဒီဇာတ်လမ်းက လူတွေကြား အရမ်းရေပန်းစားနေတာ။ မူရင်းစာရေးဆရာနဲ့ ဆွေးနွေးပြီး copyrightဝယ်ချင်နေကြတဲ့ လူတွေမှ တပုံကြီးပဲ"

ပြီးနောက်မှာတော့ လင်းချင်ပေ့က အသံနှိမ့်ပြောလာသည် "အောက်ထပ် အစည်းအဝေးကနေ ငါကြားထားရသလောက်ဆို copyrightကို ယွမ် သန်း၈၀နဲ့ ရောင်းမယ်တဲ့"

"..."

သန်း၈၀ဆိုတာ လက်ခံနိုင်သော ပမာဏတစ်ခုဖြစ်လေသည်။ နာမည်ကြီးတဲ့ ရုပ်ရှင်တွေက ပိုက်ဆံအများကြီး ရှာပေးနိုင်တာ ဖြစ်တယ်ဆိုပေမယ့် လီရိချန်ကတော့ ထိုသို့သော အရာတွေကို လေ့လာဖို့ စိတ်မကူးထားပေ။

လူတိုင်း တအံ့တဩ လေးစားလို့ သွားကြလေ၏။

"အိုး ဒီရုပ်ရှင်က သေချာပေါက် နာမည်ကြီးမှာပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now