49[U&Z]

4K 532 14
                                    

[Unicode]

ကုမ္ပဏီသို့ နင်မုန့် ရောက်သွားတဲ့အခါ အစည်းအဝေးခန်းထဲရှိ အငြင်းအခုံပွဲကြီး တစ်ပွဲကို မြင်လိုက်ရ၏။

"လင်းချင်ပေ့လို စတားတစ်ယောက်ကို ဒီလိုကြေငြာမှာသုံးလိုက်ရင် သူ့ အလုပ်ကို ဖျက်စီးလိုက်တာနဲ့ ဘာမှမကွာဘူး! ကျွန်တော် သဘောမတူနိုင်ဘူး! မန်နေဂျာ အကိုချောင်က ဒေါသတကြီး ပြောလိုက်လေ၏။

သူ့ရှေ့မှာ ထိုင်နေတဲ့ လူအနည်းစုက ပူးပေါင်းသူအမြင့်ပိုင်းမှ လူတွေနဲ့ ချောင်ရွှယ်ဟွာသာ ဖြစ်လေသည်။ နင်ဝမ့်ထောင်ကလည်း ဒီမှာရှိမနေတဲ့အခါ ကိစ္စအားလုံးက အုတ်အော်သောင်းနင်း ဖြစ်ကုန်တာ ဖြစ်၏။

"သူ့အတွက် ငါတို့က သန်းနဲ့ချီပြီး သုံးထားခဲ့တာလေ! ဒီလိုကြေငြာလေးတောင် မရိုက်နိုင်ဘူးလား။ ဒါဆိုလည်း ငါ့ပြောလေ ဘာလဲ ကုမ္ပဏီအတွက် ငွေရှာနိုင်ချိန်မှလား" ချောင်ရွှယ်ဟွာ အေးစက်စက် ပြုံးရင်း ပြောလိုက်၏။

"အခုအခြေအနေအရ သူက နာမည်ကြီးနေတယ်ဆိုပေမယ့် ဘယ်အချိန်မှာ နာမည်ကျမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ရနေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အသုံးချပြီး ရနိုင်သမျှ ပိုက်ဆံရှာထားရမှာပဲ!" ပူးပေါင်းသူအမြင့်ပိုင်းမှ လူတစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော်က သူ့ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ဒီလိုမျိုး ကုန်ပစ္စည်းကိုပဲ ဆန့်ကျင်နေတာ!" မန်နေဂျာက ပြောလိုက်လေ၏။

"ဒီပစ္စည်းက ဘာဖြစ်နေလို့လဲ။ ပထမ အဆင့်ဝင် မင်းသမီးနဲ့တောင် အတူတူ‌ရိုက်ရဦးမှာလေ! သူမတောင်မှ ဒီကြေငြာနဲ့ပတ်သက်ပြီး အရှက်ရတယ်လို့ မခံစားရဘူး! ပြီးတော့ လင်းချင်ပေ့တောင် အဆင်ပြေတယ်လို့ သူကိုယ်တိုင် ပြောနေတာပဲ" ချောင်ရွှယ်ဟွာ ပြောလိုက်၏။

မန်နေဂျာကတော့ ဘာစကားမှ မပြောနိုင်တော့ပေ။

ထိုစကားတွေကို ကြားနေရသည့် နင်မုန့် ကိုယ်တိုင်ကလည်း စိတ်ညစ်ညူးလာလေ၏။ ချက်ချင်းဆိုသလို အခန်းတံခါးမခေါက်တော့ပဲ အစည်းအဝေးခန်းမထဲသို့ နင်မုန့် ဝင်သွားလိုက်သည်။ လူတိုင်းရဲ့ အာရုံစိုက်မှုက ချက်ချင်းပဲ သူမဆီသို့ ရောက်ရှိလို့လာလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ حيث تعيش القصص. اكتشف الآن