138[U&Z]

1.9K 239 5
                                    

[Unicode]

ဟော်ပေ့ချန်ကတော့ ဆွံ့အလို့ သွားသည်။

စကားတစ်ခွန်းတောင် မပြောတော့ဘဲ နင်မုန့်ဆီမှ သူ့ဖုန်းကို ယူလိုက်သည်။

နင်မုန့်က ရုတ်တရက် တစ်စုံတခုကို သတိရသွားသလို အော်ပြောလိုက်၏။ "ဘုရင်ကြီးချန်~"

ဟော်ပေ့ချန်က သူမကို ပြန်ကြည့်လိုက်သည်။

နင်မုန့်က ဘဏ်ကဒ်ကို ထုတ်ပြလိုက်ပြီး "ဒီမနက် အစောကြီး ချီရှန်က သူ့ဘဏ်ကဒ်ကို ကျွန်မဆီ ပေးခဲ့တယ်။ အဲ့ဒါ သူ့ကို ကျွန်မ ပြန်ပေးလိုက်သင့်လား"

ဟော်ပေ့ချန်က အရှေ့သို့ ပြန်လှည့်ကာ လမ်းလျှောက်သွားရင်း သာမန်အတိုင်းသာ ပြောလိုက်သည်။ "မလိုအပ်ဘူး မင်းစိတ်တိုင်းကျ သုံးလိုက်"

ချက်ချင်းဆိုသလို နင်မုန့်မျက်လုံးတွေက အရောင်လဲ့သွားပြီး "ကောင်းပါပြီ"

'သူ့ပိုက်ဆံကို သုံးဖို့ ဟော်ပေ့ချန်ဘက်က မီးစိမ်းပြပြီ ဆိုမှတော့ အကုန်လုံးသုံးပစ်ရမယ်! စိတ်လှုပ်ရှားစရာကြီး!'

နင်မုန့်ရဲ့ အတွင်းစိတ်ကို ကျန်းရှန့်မေက ကြားနိုင်သည့်အလား တိုက်ဆိုင်စွာပဲ ကျန်းရှန့်မေက နင်မုန့်ကို ဖုန်းခေါ်လာ၏။

ကျန်းရှန့်မေပုံစံက အနည်းငယ် နေရခက်ပုံ ပေါက်နေသည်။ "ကောင်းပြီ...အဲ့တာက..နင်ကြိုက်တဲ့ အိတ်ကို ငါ့အဖေက ပို့ပေးပြီးသွားပြီ။ နင့်ဆီကို ငါ ပို့ပေးလိုက်ရတော့မလား"

'ဒါက သွယ်ဝိုက်စွာနဲ့ပြတဲ့ စေတနာပဲ!'

နင်မုန့် စိတ်လှုပ်ရှားသွားတာမို့ "ကုန်တိုက်မှာပဲ တိုက်ရိုက်တွေ့ကြမယ်! ငါ နင့်ကို ဒကာခံမယ်!"

ဟော်အဆောက်အဦး အတွင်းမှာ ဖြစ်သည်။

"Beep."

"Beep."

"Beep."

ချီရှန်ရဲ့ သုံးစွဲသူ messageက ဆက်တက်ကို ‌ပို့နေလေ၏။

ဖုန်းကို ပိုက်ထားတဲ့ ချီရှန်ပုံစံက စိတ်ဓာတ်အလွန်အမင်း ကျပြီး မျက်ရည်တွေ ကျဆင်း‌လုမတတ် ဖြစ်နေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now