31[U&Z]

4.4K 600 10
                                    

[Unicode]

ဟော်ပေ့ချန်ရှိနေသည့် ခန်းမထဲတွင် လူတစ်ယောက်မှ စကားတစ်ခွန်းတောင် မပြောနိုင်ပေ။ သူ့ပတ်ဝန်းကျင်မှ လေထုသည် အေးခဲနေဆဲ ဖြစ်လေသလို အပ်ကျသံတောင် လုံးဝမကြားရပေ။ နင်မုန့် တံတွေးမြိုချလိုက်ပြီးနောက် ဟော်ပေ့ချန်ကို စကားပြောရန် သတ္တိတို့ မွေးလိုက်သည်။

"ဟေး ယောက်ျား! ရှင်ဘာလို့ ဒီရောက်နေတာလဲ။ ကျွန်မကို တွေ့ဖို့ မစောင့်နိုင်တော့လို့လား" နင်မုန့် သတိထားရင်း မေးလိုက်သည်။

နင်မုန့်သည် အရိပ်အခြေကြည့်ရင်း နှလုံးတုန်စွာဖြင့် ပြောလိုက်တာဖြစ်လေ၏။

"........"

ဟော်ပေ့ချန်က သူမကို စိုက်၍သာ ကြည့်နေတာမို့ ကျောရိုးတစ်ခုလုံး စိမ့်လာလေသည်။

"ရှင်ဝတ်ထားတဲ့ ဝတ်စုံက တကယ်ကို ပြီးပြည့်စုံလိုက်တာ! ရှင်က တကယ်ကို ခန့်ညားတာပဲ! ရှင့်ရဲ့ အခုပုံစံက လူတစ်သိန်းလောက်ရဲ့ လေးစားမှုကိုတောင် ခံယူထိုက်တယ်! ဒီကမ္ဘာပေါ်က ဘယ်သူမှ ရှင့်နဲ့ယှဉ်နိုင်မယ် မထင်ဘူး! ရှင့်ကိုတချက်ကြည့်လိုက်တာနဲ့ ဓာတ်ပုံထဲမှာ အားလုံးထက် ထင်းထွက်နေမယ်ဆိုတာ ကျွန်မ သိနေတယ်!"

နင်မုန့်သည် သူမရဲ့ ချီးမွမ်းခန်းကို တစ်ဆင့်ပို၍ မြှင့်တင်ပြီး ပြောလိုက်တာဖြစ်ပေမယ့် ဟော်ပေ့ချန်ကတော့ သူမကို အေးစက်စွာ စိုက်ကြည့်နေဆဲ ဖြစ်လေသည်။ ခံစားနေရသည့် ဖိအားကြောင့် နင်မုန့် ပါးစပ်ကိုသာ ပိတ်ထားလိုက်လေတော့၏။

"ဘော့စ် နေ့လည်အစည်းအ‌ဝေးအနေနဲ့ ခနနေကျရင် ဘော့စ်ကျန်းနဲ့ တွေ့ဖို့ရှိ‌သေးတာမို့ အခုထွက်မှပဲ အဆင်ပြေတော့ပါမယ်"

ချီရှန်က သူမကို ဟော်ပေ့ချန် ရုံးခန်းထဲ ခေါ်သွားဖို့ သဘောတူခဲ့သည့် အကြောင်းအရင်းကို နင်မုန့် သိလိုက်လေပြီ။ ဘာလို့ဆို ဟော်ပေ့ချန်က မကြာခင်မှာပဲ ထွက်သွားတော့မှာလေ!

"ရှင်က ခနနေ နေ့လည်အစည်းအဝေး ရှိတာပဲ! ဘယ်လိုလုပ်ပြီး ကျွန်မ မေ့နိုင်ရပါလိမ့်။ ဒါအကုန်လုံးက အထင်လွဲ စရာတွေဖြစ်သွားပြီပဲ။ ရှင်အခု သွားစရာရှိတာ သွားလို့ရပါပြီ။ စိတ်မပူပါနဲ့! ကျွန်မစိတ်မဆိုးဘူးနော်!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now