150[U&Z]

1.8K 210 4
                                    

[Unicode]

နင်မုန့် မျက်လုံးတွေက တောက်ပသွားသည်။

ထိုအိတ်က ဒီနှစ်မှာပဲ Chanelက အသစ်ထုတ်လာတဲ့ လက်ကိုင်အိတ် အသစ်ဖြစ်လေ၏။ သူမ သဘောတွေ့မိတာ အတော်ကြာပြီ ဖြစ်ပေမယ့်လည်း မဝယ်ခဲ့ပေ။ ကျန်းရှန့်မေက သူမအတွက် ဝယ်ပေးလာမယ်လို့ ထင်တောင် မထင်ထားဘူး။

"ကျေးဇူးပဲနော်!"

နင်မုန့်က ဂရုတစိုက် ယူလိုက်ပြီး မကြာခင်မှာပဲ ကျန်းရှန်မေရဲ့ ရှုပ်ထွေးနေတဲ့ မျက်နှာကို မြင်လိုက်ရ၏။ ကျန်းရှန့်မေက သူမကို တစ်ခုခုပြောဖို့ စောင့်နေသည့်ပုံစံနှင့် ကြည့်နေလေသည်။

နင်မုန့် ပဟေဠိ ဖြစ်သွားသည်။

သူမ ခနလောက် တွေးလိုက်ပြီးနောက်မှာတော့ စမ်းသပ်မေးကြည့်လိုက်သည်။ "နင်ပေးလိုက်တဲ့ လက်ဆောင်အတွက် ငါ့ဘက်က တစ်ခုခု ပြန်ပေးရမယ်လို့တော့ မပြောနဲ့နော်?"

ကျန်းရှန့်မေ ဆွံ့အသွား၏။

သူမ ခနလောက် တုံ့ဆိုင်းနေပြီးနောက်မှာ နောက်ထပ် ဒီဇိုင်းတူ အစိမ်းရောင် ပိုက်ဆံအိတ်ကို ထုတ်လိုက်လေသည်။ "နောက် လက်ဆောင်တစ်ခု ထပ်ပေးတာ"

အခုလောက်ဆို သူမ သဘောပေါက်လောက်မှာပါ။

နင်မုန့်က ပိုပြီးအံ့ဩသွားစွာပဲ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ယူလိုက်လေ၏။ "ဝိုး! နင်က လုံးဝကို ချစ်စရာကောင်းတဲ့ လူလေးပဲ! ချစ်တယ်နော်!"

နလပိန်းတုံး ဖြစ်နေသေးတဲ့ နင်မုန့်ကို မြင်တဲ့အခါ ခိုင်မာတဲ့ နောက်ထပ်ဆုံးဖြတ်တစ်ခုကို ချလိုက်သည်။ cardholderလေးကို သူမ ထုတ်လိုက်ပြီးနောက် နင်မုန့်ကို ကမ်းပေးလိုက်သည်။ "ဒီမှာ နောက်တစ်ခု ကျန်သေးတယ်"

နင်မုန့်က မရေရာတဲ့ မျက်နှာအမူအရာနဲ့ ယူလိုက်၏။ နောက်ဆုံးမှာ သူမက တစ်စုံတခုကို သဘောပေါက်သွားဟန်နဲ့ အနည်းငယ် မျက်မှောင်ကြုပ်လိုက်ကာ "နင် ဆိုလိုတာက...."

နင်မုန့်ကို အခုလို မြင်လိုက်ရတဲ့အခါ ကျန်းရှန့်မေလည်း အနည်းငယ် စိတ်လှုပ်ရှားလို့သွား၏။ "မငိုပါနဲ့ဟာ လူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ ငါမသိလို့ပါ။ နင် မငိုသ၍ နင့်အတွက် ဘယ်အရာမဆို ငါလုပ်ပေးပါ့မယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now