143+144[U&Z]

2K 233 6
                                    

[Unicode]

EP-143

ဇွပ်!

သူမ နှလုံးသားလေး ဓားနှင့် အထိုးခံရသလို ခံစားသွားရသည်။ "လူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ ဆိုတာ နင် မသိဘူးလား"

နင်မုန့်က ခနတာ တွေးတောလိုက်ပြီးနောက် "အရင်တုန်းက နင် သစ္စာဖောက်ခံလိုက်ရတာ သိသာတဲ့ ကိစ္စပဲ မဟုတ်ဘူးလား"

ဇွပ်!

ဒုတိယ ထိုးနှက်ချက်ဖြစ်သည်။

ကျန်းရှန့်မေ သူမ ရင်ဘတ်ပေါ်သာ လက်ဖြင့် ဖိလိုက်သည်။ 'ချိုချဉ်'က ပိုပြီးချစ်ဖို့ကောင်းသလို သူမ ခံစားလိုက်ရသည်။ အဲ့လူက လုံးဝကို စိတ်ကောင်းရှိပြီး ဘာအကျိုးအမြတ်မှ မယူဘဲနဲ့တောင် သူမကို  top trendingထဲ ဝင်အောင်ထိ လုပ်ပေးခဲ့တာ။ ဒါ့အပြင် နင်မုန့်နဲ့ ဆက်ဆံရေးပိုကောင်းဖို့ အိတ်တွေဝယ်ပေးဖို့တောင် အကြံပေးလိုက်သေးသည်။ အဲ့လူက လုံးဝကို နူးညံ့ပြီး တွေးတောတတ်လွန်းတယ်။

နောက်ဆုံးမှာတော့ ဟာသတွေကြောင့် သူမ အရင်ကလောက် စိတ်မလှုပ်ရှားတော့။ မတ်မတ်ရပ်လိုက်ရင်းသာ အခန်းထဲသို့ အင်အားကြီးတဲ့ အရှိန်အဝါနှင့် အခန်းထဲသို့ ဝင်သွားလိုက်၏။

အခန်းထဲမှ အခြားသော အဆိုတော် ၆ယောက်က သူမကို လှည့်ကြည့်လာကြသည်။

ကျန်းမိသားစုက ပွဲဖြစ်မြောက်ရေးမှာ sponsorပေးထားတာမို့ ဒါရိုက်တာကလည်း သူမကို လျစ်လျူမရှုရဲပေ။

သူပြုံးလိုက်ရင်းသာ သူမကို ‌တလေးတစား နှုတ်ဆက်လိုက်သည်။ "ဒီနေ့အရမ်းလှနေပါလား မိန်းကလေးကျန်း"

ကျန်းရှန့်မေက အနည်းငယ် ခေါင်းညိမ့်ပြလိုက်ပြီးနောက် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်သည်။

တခြားလူတွေက မကြာခင်မှာ လီဟောက်ကျယ်ကို ကြည့်လာကြ၏။

ကိစ္စတွေ ဖြစ်ပြီးတဲ့အချိန်မှာတော့ ကျန်းမိသားစုက သူ့ကို ဘာမှမလုပ်သေးဘူး ဒါ့အပြင် ကျန်းရှန့်မေကလည်း ဒီနေ့ပေါ်လာတယ်ဆိုတော့ သူမက သူ့ဆီ ပြန်လာချင်တာများလား?

သူတို့တွေ ထိုသို့ တွေးလိုက်ရင်းသာ လီဟောက်ကျယ်ဘေးက ခုံမှာ ကျန်းရှန့်မေထိုင်ဖို့ရာ အတွက် နေရာဖယ်ပေးလိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ حيث تعيش القصص. اكتشف الآن