195[U&Z]

700 63 4
                                    

[Unicode]

ဖြည်းဖြည်းချင်းပဲ ပွင့်နေတဲ့ ပြတင်းပေါက်ဘက်သို့ ကြည့်လိုက်လေတော့၏။

'ဒါက ၁၅ထပ်လေ!'

ဘာကြောင့်ဆိုတာ နားမလည်လိုက်ဘဲ ကြောက်ရွံ့တဲ့ ခံစားချက်တို့က လွှမ်းခြုံလာလေ၏။ တခြားတခု ပြောမယ် လုပ်လိုက်ရင်ဘဲ ဖေးပိုင်က မတ်တပ်ရပ်လာသည်။ သူက ပလက်စတစ် လက်အိတ်ကို ထုတ်လိုက်ပြီး ကျွမ်းကျင်သမား တစ်ယောက်နှယ် ၀တ်လိုက်လေ၏။

"လွန်ခဲ့တဲ့ နှစ်က Mei Daierရဲ့ ပတ်လည်မှာ ဖြစ်သွားခဲ့တဲ့ လူသတ်မှုကို ကြားဖူးလား?"

လွန်ခဲ့နှစ်အနည်းငယ်အတွင်း ထိုလူသတ်မှုက နာမည်အကြီးဆုံး လူသတ်မှုဖြစ်၏။ အလိုရှိ ရာဇ၀တ်သားတစ်ဦးက ထွက်ပြေးသွားပြီး ငွေအမြောက်အမြားသုံးကာ ကာကွယ်ပေးဖို့အတွက် ၄၀ကနေ ၅၀သော‌ ကြေးစားတွေကို ငှားခဲ့သည့်တိုင် ၀မ်းနည်းစရာကောင်းစွာနဲ့ သူ့အခန်းထဲမျာ သေနေခဲ့တာ ဖြစ်သည်။

အမျိုးသားငယ်လေးက တံတွေးမြိုချလိုက်ပြီး "ဝိုး?"

ပြီးနောက်မှာတော့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် "ဟင့်အင်း ဒီမတိုင်ခင်ကတော့ တခါမှ မကြားခဲ့ဖူးဘူး"

ဖေးပိုင်က ခြေလှမ်းတွေကို ရပ်လိုက်သည်။ ခနတာ တိတ်ဆိတ်သွားပြီး နောက်မှာ ခေါင်းမာစွာ ဆက်ပြောလိုက်လေ၏ "အဲ့ဒါ ငါပဲ"

"??"

ပြဿနာတွေကို သူနားမ‌လည်ခင်မှာပဲ အနက်ရောင် သားရေ၀တ်ထားတဲ့ အမျိုးသားက သူ့အနားသို့ တိုးလာနှင့်ပြီး ဖြစ်၏။ အန္တာရယ်ရှိပြီး သွေးဆူကာ လူသတ်ချင်တဲ့ အငွေ့အသက်က အခန်း တစ်ခုလုံးသို့ လွှမ်းခြုံသွားလေတော့သည်။ ဖေးပိုင်က ဓားမြှောင်ကို သူ့ လည်ပင်းပေါ် တင်လိုက်သည်။ ကောင်းကောင်းသေဖို့ရာ သူ့ အနေနဲ့ ခပ်ပါးပါးလေး လှီးလိုက်ဖို့ လိုအပ်တာသာ ဖြစ်လေသည်။

ကောင်လေးက အရမ်း ရှော့ရသွားတာမို့ ခြေထောက်တွေက ဂျယ်လီလို ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေကာ ဘောင်းဘီးထဲ -ျီးထွက်ကျမတတ် ဆွံ့အလို့ သွားရသည်။ သူ့ခေါင်းထဲမှာ "သူ့ကို သတ်ဖို့ ဘယ်သူရောက်လာတာလဲ?  ငွေတိုးချေးစားတဲ့ လူတွေထဲကလား?" ဆိုသော မေးခွန်းတွေနှင့် ပြည့်နေလေ၏။ ဖေးပိုင်က သူ့ကို ကြက်ကလေးတစ်ကောင်နှယ် ကော်လံမှ ကိုင်ဆွဲပြီး စားပွဲပေါ်သို့ တင်ပေးလိုက်လေသလို သူ့ကိုယ်ပေါ်မှာလည်း အေးစက် ချွန်မြတဲ့ ဓားမြှောင်ကို တင်ထားတုန်းဖြစ်၏။ ပြီးနောက်မှာတော့ အမိန့်တစ်ခုကို သူကြားလိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now