104[U&Z]

2.6K 348 6
                                    

[Unicode]

စုယွဲ့ ပြန်လွှဲပေးလိုက်တဲ့ ငွေပမာဏကို ကြည့်နေရင်းနဲ့ နင်မုန့် အရူးတယောက်လို ရယ်နေလေ၏။

ဥယျာဉ်တံခါးကို ဖွင့်လိုက်ပြီးနောက် ‌ထျန်းထျန်းလေးကို သူမ အိမ်ထဲ ဝင်ခွင့်ပေးလိုက်သည်။ ပြီးနောက်မှာတော့ သူတို့ နှစ်ယောက်လုံး ဧည့်ခန်းထဲမှာ ကစားနေကြသည်။ ထိုအချိန်မှာပဲ အစေခံမှူးက သူမအတွက် အစားအသောက် ပို့ပေးရန် ရောက်လာလေ၏။

အိမ်ထဲ ဝင်လိုက်တာနဲ့ ဧည့်ခန်းအလယ်မှာ ထိုင်နေသော ထျန်းထျန်းလေးကို မြင်လိုက်ရတဲ့အခါ အစေခံမှူး ထိတ်လန့်လို့ သွားရ၏။

ခြေလှမ်း အနည်းငယ်လောက် သူ ပြန်ဆုတ်လိုက်ပြီးနောက် အမောတကော မေးလိုက်သည်။ "မဒမ် ထျန်းထျန်းလေးကို အဝေးခေါ်သွားပေးလို့ ရမလား"

နင်မုန့် သူ့ကို စူးစမ်း ကြည့်လိုက်ပြီး "ဘာလို့လဲ။ ထျန်းထျန်းလေးက ချစ်ဖို့ကောင်းပါတယ်။ စိတ်မပူပါနဲ့ သူ မကိုက်ပါဘူး"

"??"

ချစ်ဖို့ကောင်းတယ်? ဘယ်လို ချစ်ဖို့ကောင်းတာလဲ! Tibetan Mastiffsတွေက ရန်မူပြီး ရက်စက်တတ်တဲ့ အကောင်တွေလို့ သိထားကြတဲ့ဟာ!

သူ ဖြည်းညင်းစွာပဲ အစားအသောက်တွေကို တံခါးရှေ့ချလိုက်ပြီး "မဟုတ်ဘူး မဒမ်။ ထျန်းထျန်းလေးက တကယ် ကြမ်းတမ်းတာ။ အစာကျွေးဖို့တောင်မှ မစ္စတာဟော် နဲ့ ချီရှန်လောက်ပဲ ကပ်လို့ရတယ်။ ခွေးနားမှာ နေမယ်ဆိုရင် သတိလေးကို ပိုပြီးတော့ ထား ထားပါ မဒမ်"

စကားပြောပြီးသည်နှင့် အစေခံမှူးက အိမ်ရှေ့မှ အငွေ့လို ပျောက်ကွယ်သွားလေတော့သည်။

"..."

ခေါင်းကို ငုံ့လိုက်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ခွေးပေါက်လေး တစ်ကောင်နှယ် သူမကို  ကြည့်နေသော "တကယ်ရက်စက်ကြမ်းကြုတ်" တယ်လို့ လူသိများကြတဲ့ Tibetan Mastiffကို နင်မုန့် ကြည့်လိုက်သည်။

နင်မုန့် ကြက်သေ သေ သွားရသည်။

ထျန်းထျန်းလေးကို ချီရှန်လည်း ကြောက်တဲ့ အပြင် ‌အစေခံမှူးကပါ ကြောက်ကြသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora