55[U&Z]

3.7K 517 5
                                    

[Unicode]

သေချာပေါက် နင်ဝမ့်ထောင်က သူ့ရည်းစားဟောင်းအတွက် သန်း၂၀ကို အသာလေး ပေးလိုက်မှာဖြစ်လေသည်။ ဒါပေမယ့်လည်း သူ့အတွက် သန်း၁၀၀ဆိုတာကတော့ အလကားပေးလိုက်ဖို့ရာ မဖြစ်နိုင်တော့‌ချေ။ ထိုအရာက စုထျန်းထျန်း ပြောလိုက်တဲ့ အရာအားလုံးကို အရာမဝင်တော့သည့်နှယ် ဖြစ်စေသွား၏။

"သန်း၁၀၀လို့ ပြောလိုက်တာလား!" ဟန်မေလင်း မေးလိုက်သည်။

"ဟုတ်တယ်။ အန်တီကြားတာ မှန်တယ်။ တကယ်လို့ သန်း၁၀၀က မလုံလောက်ဘူး ဆိုရင်လည်း နောက်ထပ် သန်း၅၀ထပ်ပေးဖို့ ကျွန်မအဖေကို ပြောလိုက်လို့ရတယ်"

နင်မုန့်အနေနဲ့ ဒီကိုလာနေဆဲမှာ ဟန်မေလင်းကို ကမ်းလှမ်းခဲ့တဲ့ ပမာဏကို သိလို့ပြီးသွားလေပြီ။ Shifting to Marsက တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံးဖြစ်လာမည့် သိပ္ပံရုပ်ရှင်ဆိုတာ နင်မုန့် သိလေ၏။

လိုအပ်ချက်တွေ အားလုံးကို ဖာထေးဖို့ ရန်ပုံငွေ လိုအပ်ခဲ့တာကြောင့် ပြီးပြည့်စုံဖို့ဆိုတဲ့ ရည်ရွယ်ချက်က ဝေးကွာခဲ့၏။ ယခုမူ နင်မုန့်က များပြားလှတဲ့ပမာဏနဲ့ ပြီးပြည့်စုံတဲ့ ရုပ်ရှင်အတွက် ကမ်းလှမ်းလာတာမို့ မေလင်းရဲ့ အိမ်မက်ဆန္ဒသည် ပြည့်သွားခဲ့ပြီ။

"လောက်တယ်! ဒါပေမယ့် မင်းဘာလို့ အဲ့လိုလုပ်ချင်ရတာလဲ" ဟန်မေလင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

သူမအနားမှာ ရှိတဲ့ ထုတ်လုပ်ရေးမှန်းသမျှ သူမအပေါ် ယုံကြည်မှု မရှိခဲ့ပေ။ ထို့ကြောင့်ပဲ လွန်ခဲ့တဲ့ လေးနှစ်က ရန်ပုံငွေတွေ တဖြည်းဖြည်း လျော့နည်းလာပြီး သူမ ကိုယ်ပိုင်အကောင့်မှ သန်း၃၀၀သော ငွေတွေလည်း ကုန်သွားတာ ‌ဖြစ်လေ၏။

ရုပ်ရှင် ပြသဖို့ အဆင်သင့်ဖြစ်ခါနီး အခြေအနေသို့ ရောက်လာတဲ့အခါ ဟန်မေလင်း သူမကိုယ်သူမ သံသယဝင်လာခဲ့သည်။ အနည်းဆုံးတော့ ရုံတင်‌ဝင်ငွေ ဆယ်သန်းလောက် ပြန်ရနိုင်ဖို့ မျှော်လင့်ခဲ့သည်။

စုထျန်းထျန်းက သန်း၂၀နဲ့ ရုပ်ရှင်ရဲ့ ရှယ်ယာ80%နှုန်းကို ဝယ်ယူမယ်ဆိုရင်တောင် သူမ‌အနေနဲ့ အများကြီး ခံသာသေးသည်ဟု တွေးခဲ့၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now