22[U&Z]

4.6K 582 6
                                    

[Unicode]

လီမွန် Entertainmentတွင်ဖြစ်သည်။ ထို ကုမ္ပဏီသည် မြို့၏ အလယ်ဗဟိုတွင် တည်ဆောက်ထားသော အဆောက်အဦးဖြစ်လေ၏။

ရုံးအဆောက်အဦး၏ ကားရပ်နားရာ နေရာသို့ နင်မုန့်ရောက်လာလေသည်။ သူမ ကားကို တနေရာတွင် ရပ်လိုက်ပေမယ့်လည်း လီမွန် Entertainmentက မည်သည့်အထပ်တွင် ရှိနေမှန်း သူမ မသိပေ။ နင်၀မ့်ထောင်ကို ဖုန်းဆက်မေးရန်ကြံနေစဉ်မှာပဲ သူမ ကားနားမှ ဖြတ်‌သွားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

"တဆိတ်လောက် ‌နေရာလေး မေးချင်လို့ပါ" နင်မုန့် အသံမြှင့်ကာ မေးလိုက်သည်။

အမျိုးသားသည် ခြေလှမ်းတို့ ရပ်လိုက်ပြီးနောက် နင်မုန့် ဘက်ကို လှည့်ကြည့်လာ၏။ ထိုလူ မျက်နှာလှည့်လာသည့် အခိုက်အတံ့ မှောင်နေသော ကားပါကင်တခုလုံး အလင်းရောင်ကျရောက်လာသကဲ့သို့ပင်။

ဒီလူက စင်မြင့်ပေါ်မှာ ဖျော်ဖြေဖို့ မွေးဖွားလာတာ။ သူ၏ သာမန်ထက် သာလွန်ထူးကဲသော မျက်နှာသွင်ပြင်နှင့် မာန်မာနက Internationalကြယ်ပွင့်တွေနှင့် နှိုင်းယှဉ်နိုင်သည်အထိပင်။

"နင်မုန့် ဒီတခါလည်း ဘာညစ်ပတ်တဲ့ အကြံတွေ ထုတ်နေပြန်တာလဲ ဟမ်" အမျိုးသားသည် ရွံရှာသည့်ပုံစံဖြင့် ပြောလာလေ၏။

ပဟေဠိဆန်သည်မို့ နင်မုန့် ခနတာ သေချာတွေးတောပြီးနောက် မေးလိုက်သည် "လင်းချင်ပေ့ လား"

အမျိူးသားကတော့ အဖြေပြန်မပေး ခေါင်းငြိမ့်သွားရုံသာ။ ပြီးသည်နှင့် တပြိုင်နက် သူမအနားမှ ထွက်သွားလေတော့၏။

"ရှင်စာချုပ်ကို ရပ်ဆိုင်းချင်တယ်လို့ ကျွန်မ ကြားတယ်။ ကုမ္ပဏီက ရှင့်ကို လုံလောက်တဲ့ supportမှု မရှ်ိလို့ မလား။ ကျွန်မတို့ ကုမ္ပဏီကနေ ရှင် ရ ရမယ့် အကျိုးအမြတ်ကို ဆွေး‌နွေးလို့ရတယ်..." သူ့နောက်မှ လိုက်ရင်း နင်မုန့် ပြောလိုက်သည်။

ထိုသို့ ကြားလိုက်ရသောအခါ လင်းချင်ပေ့ ခြေလှမ်းတို့ ရပ်သွား၏။

"အခုကရော ဘာဖြစ်ပြန်ပြီလဲ။ ကုမ္ပဏီ အင်အားကို အသုံးချပြီး ငါ့ကို မင်း ကောင်လေးဖြစ်‌ဖို့ ဖိအားပေးချင်နေတာလား။ ငါ မင်းကို ပြောလိုက်မယ် ဒီလို ညစ်ပတ်တဲ့ နည်းလမ်းက ငါ့အပေါ် အလုပ်မဖြစ်ဘူး!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now