159[U&Z]

1.5K 207 9
                                    

[Unicode]

နင်မုန့် မျက်မှောင် ကြုပ်လိုက်ရင်း "ရှင် ဘာပြောလိုက်တာလဲ? သတ္တိရှိရင် ‌ပြန်ပြောလိုက်စမ်း!"

လီဟောက်ကျယ်က ခေါင်းကို မော်ချီလိုက်ပြီး "သူမက ဒီအရာအားလုံးကို ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာ။ သူမက အောက်တန်းကျတဲ့နည်းနဲ့ အနိုင်ယူဖို့ ကြိုးစားနေတာ!"

နင်မုန့်က ကျယ်လောင်စွာ ရယ်လိုက်ပြီး "တော်တော် နာခံတတ်တာပဲ။ ကျွန်မ မေးတာနဲ့ တကယ်ကြီး ထပ်ပြောတာပဲ‌နော်"

"??"

နင်မုန့်က သူ့ကို သရော်လိုက်သည်။ "လာပါ သတ္တိရှိရင် ထပ်ပြောလိုက်ပါဦး"

လီဟောက်ကျယ်က ပြန်ပြောလိုက်သည်။ "အခြေခံအားဖြင့် မင်းငါ့ကို မေးလာတာမို့ ငါက ပြန်ဖြေလိုက်ရုံပဲလေ?"

နင်မုန့်က  ဆက်လက်၍သာ ကြိတ်ရယ်လျက် "ဒါပေမယ့် ရှင် ထပ်မပြောရဲတော့ဘူး မလား။ သတ္တိမရှိဘူးဆိုရင်လည်း အဲ့ ပါးစပ်ပေါက်ကြီးကို ပိတ်ထားလိုက်!"

"…"

နင်မုန့်ကဆက်လက်ပြီး နှိမ့်ချသရော်လိုက်သည်။ "နောက်ဆုံးတော့ ရှင် ဘာလို့ စုထျန်းထျန်းလို လူကို သဘောကျရလဲဆိုတာ ကျွန်မနားလည်သွားပြီ။ မစင်ပိုးက မစင်ပုံကို တွေ့သွားတာလေ ဒါကြောင့်ပဲ ရှင်က သူမကို တွေ့တာနဲ့ ဖင်ပြေးနမ်းတော့တာပေါ့!"

"...!!"

ပြီးတဲ့အခါမှာ နင်မုန့်က ကျန်းရှန့်မေကို ကြည့်လိုက်ပြီး သက်ပြင်းသာ ချလိုက်ကာ "ထားလိုက်ပါတော့။ ဒီလိုလူတွေနဲ့ လိုက်တွယ်ကပ်ပြီး ပြောမနေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဥပဒေက ကာကွယ်ပေးထားတာဆိုတော့"

ကျန်းရှန့်မေရဲ့ ဒေါသတို့က တိမ်ဝင်လို့ သွားပြီး သိချင်စိတ်နဲ့ မေးကြည့်လိုက်သည်။ "ဘာ ဥပဒေလဲ"

"တိရိစ္ဆာန်ကာကွယ်ရေး ဥပဒေလေ"

"…"

ထိုဟာသကို လီဟောက်ကျယ်က ချောင်းဟန့်ရုံသာ တတ်နိုင်သည်။ အားနည်းတဲ့ မိန်းမငယ်လေးလို ဟန်ဆောင်ထားတဲ့ စုထျန်းထျန်းကတော့ ခေါင်းမော့လာကာ "မိန်းကလေးကျန်း ကျွန်မတို့ ဒီလို လုပ်ကြရင်ရော။ မိန်းကလေး ကျန်းအနေနဲ့ in-ear monitorကို တဖက်တပ်လို့ မရတော့မှတော့ ကျွန်မနဲ့ ဆရာဟောက်ကျယ်လည်း တစ်ယောက် တဖက်စီပဲ တပ်လိုက်မယ်ဆိုရင်ရော? အဆင်ပြေရဲ့လား?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now