158[U&Z]

1.3K 173 5
                                    

[Unicode]

ကျန်းရှန့်မေ မေးပါ ပြုတ်ကျသွားသည်။ ဘာစကား ပြောရတော့မယ်မှန်း မသိတော့လောက်အောင်ကို အရမ်း ဒေါသထွက်လို့နေ၏။

'အခု နားကပ်က ပြဿနာလား!?'

သူမ လက်သီးကိုသာ ပိုပြီးတင်းကျပ်စွာ ဆုပ်မိသွားသည်။

အခန်းထဲမှာ ဘယ်သူမှ ဘာမှ မပြောလာကြ။ ဒေါသကြောင့် တုန်ယင်နေရင်းပဲ ကျန်းရှန့်မေရဲ့ မျက်လုံးတွေက ရဲတွတ်လာ၏။ သူမကို အခုလိုပုံစံ မြင်လိုက်ရတဲ့အခါ နင်မုန့် နှုတ်ခမ်းတို့ ဖိမိသွားသည်။ ဒီမိန်း‌ကလေးက စက္ကူကျား သာသာပါပဲ[1]။ သူမ ပုံစံက အပြင်က ကြည့်ရင်သာ ကြောက်ဖို့ကောင်းနေတာ အတွင်းစိတ်ကတော့ နူးညံ့လွန်းတယ်။ မူလနင်မုန့်နဲ့ စကားနိုင်လုတာတောင်မှ ငယ်ငယ်လေးတည်းက ကျန်းရှန့်မေ တခါမှ မနိုင်ခဲ့ဖူးပေ။
[1] 纸老虎 (စက္ကူကျား)ဆိုတာ အပြင်ဘက်မှာ ကြမ်းတမ်းသလို ထင်ရပေမယ့် အတွင်းစိတ်ထဲမှာတော့ နူးညံ့တဲ့လူတွေကို ပြောတာပါ။

နင်မုန့်က ထိုနေရာကို သွားပြီး မျက်ခုံးမြှင့်လိုက်ရင်းပဲ "ဘာတွေ ဖြစ်နေတာလဲ?"

ကျန်းရှန့်မေက ခေါင်းငုံ့ထားပြီး ဘာစကားမှ ပြောမလာနိုင်ပေ။ လင်းချင်ပေ့က အနားရောက်လာပြီး သူမ နားနားကပ်ကာ အသံတိုးတိုးဖြင့် ရှင်းပြလာသည်။

"ကျန်းရှန့်မေရဲ့ နားတွေနာသွားတာ။ ဘာနားကပ်မှ မဝတ်နိုင်တော့တဲ့ ကိစ္စသေးသေးလေးပါ အဲ့ထက် ပိုအရေးကြီးတာက သူမရဲ့ နားပါဆွဲဖြဲခံလိုက်ရသလို ဖြစ်သွားတာ။ ဒါကြောင့်မို့ အဲ့နားထဲ ဘယ် in-ear monitorကိုမှ ထည့်လို့ မရနိုင်တော့ဘူး"

ထိုသို့ ပြောနေရင်း သူ့ရဲ့ ဝင်လေထွက်လေတို့က နင်မုန့်ရဲ့ လည်ပင်းနားမှာ ကူးလူးနေပြီး အိုက်စပ်စပ် ခံစားချက်တို့ ကျန်ခဲ့လေကာ အကြည့်တို့က ထိုနေရာမှာတင် ချောက်ချမိသွား၏။ နင်မုန့်ကလည်း အနည်းငယ် ကို့ရို့ကားယားနိုင်သလို ခံစားလိုက်ရတာမို့ အနည်းငယ် ခွာလိုက်သည်။ ပြီးနောက်မှာတော့ စူးစမ်းစွာဖြင့် မေးကြည့်လိုက်သည်။

"in-ear monitorဆိုတာ ဘာလဲ?"

သူမရဲ့ ‌အပြုအမူကို သတိထားမိလိုက်တာမို့ လင်းချင်ပေ့ရဲ့ မျက်ဝန်းတို့က အရောင်မှိန်သွားသည်။ အလျင်အမြန်ပဲ သူ့စိတ်သူ ပြန်ထိန်းလိုက်ပြီးနောက် မျက်လွှာသာ ချလိုက်ရင်း စကားပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now