66[U&Z]

3.9K 541 18
                                    

[Unicode]

Refundအကုန် ပြန်ပေးပြီးတဲ့ နောက်မှာ မန်နေဂျာသည် အလိုမကျသည့် အမူအရာနှင့် ထွက်သွားလေ၏။

စုယွဲ့ သူ့ဘော့စ်ကို မသိမသာ လှမ်းကြည့်လိုက်တော့ ဟော်ပေ့ချန်က ဒေါသထွက်နေတဲ့ အမူအရာနဲ့ပဲ ရပ်နေဆဲ ဖြစ်၏။ အစောက ရိုလာကိုစတာဂိမ်းကို ကိုယ်တိုင်ဝင်ကစားလိုက်သလိုမျိုး စုယွဲ့ မကူမကယ်နိုင်စွာပဲ ခံစားလိုက်ရသည်။

သူ မဒမ်ကို ပြန်ကြည့်လိုက်သည်။ နင်မုန့်က သူမ အစောက ရလိုက်တဲ့ ပိုက်ဆံပမာဏကို ကြည့်‌ရင်း စိတ်လှုပ်ရှားလို့ နေလေသည်မို့ စုယွဲ့မေးလိုက်သည်။ "မဒမ် ငွေလိုနေလို့လား"

ဟော်ပေ့ချန်ကို နင်မုန့် တချက်ချောင်းကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ ငါ မြေကွက်တချို့ ဝယ်ချင်လို့"

'ငါတို့ မစ္စဟော်က မြေကွက်အတွက် ရင်းနှီးချင်နေတာပဲ။ သိသွားပြီ' စုယွဲ့ မျက်ဝန်းတို့က သဘောပေါက် နားလည်သွားသလို အရောင်တောက်သွားလေ၏။

သူထပ်မေးလိုက်သည် "ဘယ်မြေကွက်ကို ဝယ်ချင်တာလဲ"

နင်မုန့် ဖြေလိုက်တာက "ငါ့ယောက်ျားရဲ့ အဆုံးအဆမရှိတဲ့ နှလုံးသားမြေကွက်ကို ဝယ်ချင်တာ"

"..."   

နင်မုန့် လှည့်ကြည့်လိုက်တဲ့အခါ ဟော်ပေ့ချန်ကို တွေ့လိုက်ရ၏။ သူမ မျက်တောင်ခတ် လိုက်ပြီးနောက် မေးလိုက်သည် "ဘုရင်ကြီးချန် အပြင်သွားမလို့လား"

သူမ မေးလိုက်တဲ့အချိန်မှာ ဟော်ပေ့ချန်က အဓိက တံခါးမကြီးရှေ့ ရောက်လို့နေလေပြီ။ သူမ မေးခွန်းကို ကြားတဲ့အခါ ဖြည်းဖြည်းချင်း လှည့်ပြီး ဖြေလိုက်သည်။ "စာကြည့်ခန်းထဲ သွားမလို့"

ဘော့စ် အပေါ်ထပ်ကို သွားဖို့ပြင်နေတာ တွေ့တော့မှ စုယွဲ့ သက်ပြင်းချလိုက်လေတော့၏။

နင်မုန့်ကလည်း အပြင်ထွက်တော့မည်ကို မြင်လိုက်တဲ့အခါ သူမကို ချက်ချင်း ပြေးတားလိုက်၏။

"မဒမ် ခနလေး"

နင်မုန့် ရပ်ကာ သူ့အား ကြည့်လိုက်သည် "အင်း ဘာဖြစ်လို့လဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now