157[U&Z]

1.5K 204 7
                                    

[Unicode]

အပြင်ဘက်မှာ မှောင်နေပြီ ဖြစ်သည်။

ပရိုဂရမ်စင်တာထဲ မီးဖွင့်ထားပေမယ့် ထိုအချိန်ခနမှာတော့ အလင်းရောင်က စိန်တစ်စုံကိုသာ ဗဟိုပြုထားသည့်နှယ် ဖြစ်နေ၏။ ထိုစိန်တွေကို ကြည့်နေရင်းမှ နင်မုန့် အမြင်တို့ ကန်းသွားတော့မလိုတောင်  ခံစားလိုက်ရ၏။ လက်ဆောင်ကို ကြည့်ရင်း သူမ အေးခဲတောင့်တင်းနေ၏။ သူမရဲ့ ပင်ကိုယ် စရိုက်နဲ့သာဆို ဘယ်လောက်တန်လဲ အရင်ဆုံး စစ်ကြည့်မိမှာ ဆိုပေမယ့် အလိုလိုပဲ ဖုန်းကို ကမန်းကတန်း ထုတ်လိုက်ကာ လွန်ခဲ့တဲ့ ရက်တွေက ချီရှန် သူမကို ပို့ထားတဲ့ စာကို ရှာဖတ်လိုက်သည်။

ချီရှန် : [စကားမစပ် အဲ့မိန်းကလေးအတွက် ဘော့စ်ဝယ်ခဲ့တဲ့ လက်ဆောင်က ဘာလဲဆိုတာ သိချင်လား? စိန်နားကပ် တစ်စုံပဲ! စိန်တစ်ဖက်စီက ၃ကာရက်စီ ရှိပြီးတော့ Cartierကစိန်တွေ! ၂.၁၉သန်းလောက်ထိကို တန်တာ!]

စိန်နားကပ်....၂.၁၉သန်း တန်တာ....

နင်မုန့် အလိုလို တောင့်တင်းသွားသလို တံတွေးပါ မြိုချမိသွားသည်။ သူမ ဆက်ဖတ်ကြည့်လိုက်သည်။

ချီရှန် : [မိန်းကလေးတစ်ယောက်ကို ဘော့စ်အခုလို မြတ်နိုးတဲ့ပုံ တခါမှ ငါ မတွေ့ခဲ့ဖူးဘူး။ သူ ဒီနေ့ ဒေါသတွေ ထွက်နေတာ ဒါပေမယ့် သူသဘောကျတဲ့ မိန်းကလေးအတွက် လက်ဆောင်ဝယ်ပေးဖို့ ငါပြောပြီးတည်းက သူ့ဒေါသ‌တွေပါ ပျောက်သွားတာပဲ!]

သူမ သတိထားမိတဲ့ စာကြောင်းက "သူ ‌သဘောကျတဲ့ မိန်းကလေး" ဆိုတာသာ ဖြစ်ပြီး အတွေးတစ်ခုက သူမ ခေါင်းထဲ ရောက်လာသည်....

သူမရဲ့ ခန့်မှန်းချက်ကို အတည်ပြုဖို့ရာအတွက် ချီရှန်ကို private chatမှ စာပို့လိုက်သည် : [နင့် ဘော့စ်က စိန်နားကပ် တစ်စုံ ဝယ်ခဲ့တယ်နော်?]

ချီရှန်က ကလပ်ကို သွားနေတဲ့ လမ်းမှာ ဖြစ်သည်။ သူမ စာကို မြင်တဲ့အခါ တစ်ခုခု မှားနေသလို ခံစားလိုက်ရပြီး voiceပို့လိုက်လေ၏။ "ဟုတ်တယ်လေ! ဘာလို့ ဘော့စ်က နင့်အတွက် ဝယ်ပေးမှာမို့လဲ?"

နင်မုန့်က သူမ လက်ထဲမှ လက်ဆောင်ကို ကြည့်ပြီး မေးလိုက်သည် : [သူ သဘောကျတဲ့ မိန်းကလေးဆိုတာ ဘယ်သူလဲ]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now