32[U&Z]

4.4K 581 6
                                    

[Unicode]

စုထျန်းထျန်းသည် သေလုနီးပါး ကြောက်လန့်သွားရတော့၏။ နင်မုန့်သာ အပူလောင်သွားပါက ဟော်ပေ့ချန်ရဲ့ နင်မုန့်အပေါ် စိုးရိမ်စိတ် ရှိမရှိကို သူမက စစ်ဆေးချင်ရုံပင်။

ထိုအရာတွေမှ နင်မုန့်ကို ကာကွယ်ပေးဖို့ ဟော်ပေ့ချန်က ခန္ဓာကိုယ်တစ်ခုလုံး သုံးပြီးကာပေးထားမယ်လို့ တခါလေးတောင် အိမ်မက်မမက်ခဲ့ဖူးပေ။ အခုကား ဟော်ပေ့ချန်သည် ဒေါသထွက်လွန်း၍ စုထျန်းထျန်းကို သတ်ချင်စိတ် ပေါက်နေလေပြီ။ သူ၏ လူသတ်‌ချင်နေသော အငွေ့အသက်တွေက စုထျန်းထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်စိတ်ဖြင့် တုန်ခါသွားစေနိုင်သည်အထိ။

သူမ‌ဆီသို့ လျှောက်လာတဲ့ Bodyguardsတွေကို စုထျန်းထျန်း မြင်လိုက်ရသည့်အခါ သိလိုက်တာက သူမသာ အခုချိန် လွတ်အောင်မပြေးနိုင်ပါက လွတ်မြောက်မယ့်လမ်း မရှိတော့ဘူး ဆိုတာကိုပင်။

"မစ္စတာဟော် ကျွန်မ အပေါ်ဒီလိုလုပ်လို့မရဘူးလေ! ကျွန်မက လီရိချန်ရဲ့ ကောင်မလေးပဲ!"

ထိုစကားကို ကြားလိုက်သည့်အခါ နင်မုန့်သည် ဟော်ပေ့ချန်ကို ကြည့်လိုက်၏။ လီရိချန်ဆိုသူသည် novelထဲမှ အဓိကအမျိုးသားဇာတ်ဆောင် တစ်ဦး ဖြစ်လေပြီး စီးပွားရေးလောကထဲတွင် နာမည်ကြီးကြယ်ပွင့် ဖြစ်လာမည့်သူ ဖြစ်လေ၏။ အနုစိတ်လွန်းသော အမြင်နှင့် စွန့်စားတတ်သော သူ၏ အကျင့်တို့ကြောင့် မကြာခင်မှာ သုတို့လောကထဲက မျက်နှာဖုံးတစ်ခု ဖြစ်လာလေသည်။ သူတို့နှစ်ယောက်လုံးက စီးပွားရေးနယ်ပယ်ထဲမှ နာမည်ကြီးသူတွေဖြစ်သည်။ ဒါကြောင့်ပဲ ဟော်ပေ့ချန်က သူမကို ဘာမှလုပ်ရဲမှာ မဟုတ်ဟု စုထျန်းထျန်း ထင်ခဲ့တာဖြစ်လေ၏။

သူမကို အံ့ဩသွားစေတာက....

"သူ့ကို ငါနဲ့အတူခေါ်လာခဲ့!" ဟော်ပေ့ချန် ပြောလိုက်သည်။

ဟော်ပေ့ချန်လက်က လွတ်မြောက်ဖို့ အမှန်တကယ်ကို ခက်သည်ဆိုတာ နင်မုန့် သဘောပေါက်လိုက်၏။ သူ၏ ရှည်လျားသော အင်္ဂါရပ်နှင့် ဩဇာက သူ့အားအလိုလို ထင်းလင်းနေအောင် လုပ်ပေးလို့ နေလေ၏။ သူ့လက်မောင်းက ဒဏ်ရာ ရသွားသည်ဖြစ်တာမို့ နေ့လည်အစည်းအဝေးလည်း ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်လေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now