108[U&Z]

2.4K 319 7
                                    

[Unicode]

ထိုမိန်းမကို ကြည့်နေရင်းမှ နှုတ်ခမ်းထောင့်က လှုပ်လာတာကို နင်မုန့် ခံစားလို့ရမိနေသည်။

"တဆိတ်လောက်ပါ နင်က ဘယ်သူလဲ"

ထိုသို့ကြားတဲ့အခါ အမျိုးသမီးက အံ့ဩစွာပဲ ပြန်ပြော‌လိုက်သည်။ "ငါလေ ကျန်းရှန့်မေ"[1]

နင်မုန့် မျက်လုံးတို့ကို လှိမ့်လိုက်ရင်း " 'မှန်ကန်ခြင်း နတ်ဘုရားမ'? ဒါဆိုရင်တော့ ငါကလည်း ချစ်ခြင်းနဲ့ငြိမ်းချမ်းရေးတရားရဲ့ တမန်တော်ပဲ!"

[1] အမျိုးသမီး ပြောလိုက်တာက သူမ နာမည်ဖြစ်တဲ့ ကျန်းရှန့်မေ"(甄善美)ပါ။ မှန်ကန်ခြင်း နတ်ဘုရားမ ကိုကျ တရုတ်လိုရေးရင် (真善美)ကျန်းရှန့်မေ ပါပဲ။ ပြောရမယ်ဆို Hanziကွာပြီး အသံထွက်တူနေတော့ အဓိပ္ပာယ်ကောက် လွဲသွားတာပါ။

"??"

"??"

အချိန်တစ်ခု ကြာတဲ့အထိ ငြိမ်သက်သွားပြီးနောက်မှာ အမျိုးသမီးက သူမရဲ့ မျက်နှာ မြင်သာစေရန် ဆံပင်တွေကို အနောက်သို့ သပ်လိုက်ပြီး "ငါ!! ကျန်း! ရှန့်! မေ လို့! လုပ်စမ်းပါ! ငါ ဒီနေ့ မိတ်ကပ် အထူကြီး လိမ်းထားလို့ မမှတ်မိဘူးလို့တော့ မပြောနဲ့နော်!"

"..."

ကျန်းရှန့်မေ သုန်မှုန်သွားသည်။ "နင်ဘာဖြစ်နေတာလဲ။ ငါတို့ အမြဲတမ်း အဆင်မပြေဘူးဆိုတာ သိပေမယ့် ငါတို့က အတူတူ ကြီးလာကြတဲ့ လူတွေပါ! ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ကြာပြီဆိုပေမယ့် ဘယ်လိုဖြစ်ပြီး ငါ့ကိုတောင် မမှတ်မိရတော့တာလဲ!"

"..."

အာ!

သူမ အခု မှတ်မိပြီ!

novelထဲမှာ ဒီ "ကျန်းရှန့်မေ"က အထက်တန်း မိသားစုမှ ပေါက်ဖွားလာတဲ့ နင်မုန့်နဲ့ ဆင်သည်။ သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြတယ် ဆိုပေမယ့် အမြဲတမ်း တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မဟုတ်တာလေးကို ငြင်းခုန်တတ်ကြပြီး ခွေးနှင့်ကြောင်ကဲ့သို့ ဖြစ်၏။

ဘယ်လိုဖြစ်ဖြစ် နင်မုန့် ကံဆိုးလာပြီး ကြမ်းတမ်းတဲ့ ကံကြမ္မာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ novel အပိုင်းတွေမှာဆို သူမကို ကူညီပေးခဲ့တဲ့ တစ်ယောက်တည်းသောလူက ကျန်းရှန့်မေ ဖြစ်သည်။ သူမကို အောက်ထိ ဆွဲချသွားမယ့်အစား ကျန်းရှန့်မေက သူမရဲ့ စစ်မှန်တဲ့ သူငယ်ချင်းဖြစ်ကြောင်း ပြခဲ့လေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now