188[U&Z]

769 96 0
                                    

[Unicode]

ထို statusက လွန်ခဲ့တဲ့ နာရီ၀က်က တင်ထားခဲ့တာဖြစ်သည်။

နင်မုန့်က အလျင်အမြန်ပဲ သူမရဲ့ WeChatကို ဖွင့်လိုက်ပြီး ကျန်းရှန့်မေဆီ သီးသန့် စာပို့ရန် ပြင်လိုက်သည့်အခါ "ငါတို့ဘော့စ်က ဒီနေ့ အရမ်းကြည့်ကောင်းနေတယ်" groupမှ messages ဆယ်စောင်နီးပါး တွေ့လိုက်ရသည်။

မနေ့က ချီရှန်ရဲ့ မတော်တဆဖြစ်ပြီးတည်းက groupကို အသံပိတ်ထားခဲ့တာ ဖြစ်တယ်ဆိုတာ သူမ သတိရသွားသည်။ groupထဲသို့ ၀င်လိုက်ပြီးနောက် လွတ်သွားခဲ့တဲ့ စာတွေကို ပြန်ဖတ်နေလိုက်၏။

ကျန်းရှန့်မေ : [ဒီစာကြောင်း အဓိပ္ပာယ်က ဘာလဲ? အပေါ်ကနေရော အောက်ကနေရော ကြိုးစားဖတ်ပြီးပေမယ့် နားမလည်ဘူး ဖြစ်နေတယ်]

ပြီးနောက်မှာတော့ နင်မုန့်ရဲ့ စာသားကို screenshot ပို့ပေးလာ၏။

ချီရှန် : [နောက်ဆုံးစာကြောင်းကနေ စပြီး ပြန်ဖတ်သင့်တယ်]

ကျန်းရှန့်မေ : [?? ဟီးဟီးဟီး နင်မုန့် နင်က ငါ့ကို ၀က်လို့များ ပြောရဲတယ်ပေါ့! ငါက ၀က်ထက် ပိန်ပါတယ်နော်!]

ချီရှန် : [......]

ကျန်းရှန့်မေ : [အရမ်းတော်တာပဲ @ချီရှန်]

ချီရှန် : [ဒါက သာမန်ပါပဲ။ တကမ္ဘာလုံးမှာ ငါက တတိယအဆင့်ဖြစ်နေရုံပဲ]

မနေ့ည ၁၀နာရီမှာ ထိုစကားထိသာရှိသည်။ နောက်စာ အနည်းငယ် မနက်ပိုင်း ၆နာရီလောက်မှာ ပို့ထားသော စာတွေဖြစ်၏။

ချီရှန် : [‌သောက်ကျိုးနဲ! နင်မုန့် နင့်အဖေ hot searchရောက်နေတယ်။ နင်တို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းက အဲ့လောက်ထိ အရိုင်းဆန်ဖို့ လိုလို့လား?]

ကျန်းရှန့်မေ : [?? ငါ စစ်ကြည့်မယ်]

ခနကြာတဲ့အခါ Weiboပေါ်မှာ ဖြစ်နေတာတွေ မြင်ပြီးတဲ့အခါ ကျန်းရှန့်မေ ဒေါသထွက်လို့လာ၏။ : [သတင်းအကုန်လုံးက အခြေအမြစ်မရှိ စွပ်စွဲထားတာတွေချည်းပဲ! မုန့်မုန့်မှာ ‌သူငယ်ချင်းကောင်လေးတွေ အများကြီး ရှိတယ် ဆိုတာ မှန်ပေမယ့် ငယ်ငယ်လေးတည်းက ယောက်ျားလေးတွေနဲ့ သူမကြား platonic relationship(နှစ်ယောက်သား နီးစပ်ပေမယ့် s*xမပါတဲ့ relationship)တွေပဲ ရှိခဲ့တာ။ လူတကာနဲ့ သောင်းပြောင်းဆက်ဆံနေတာ မဟုတ်ဘူး!]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now