99[U&Z]

2.8K 346 3
                                    

[Unicode]

အဖေနဲ့ ယောက်ျားဖြစ်သူ chessကစားနေတာကို ကြည့်နေသည့် နင်မုန့် စိတ်ရှုပ်ထွေးသွားလေ၏။ ဟော်ပေ့ချန်ကလည်း ခေါင်းမော့ကြည့်လိုက်သည်။ နင်ဝမ့်ထောင်ကဆော့ ဆူပူလိုက်၏။ "စုထျန်းထျန်း ဘာတွေ လျှောက်ပြောနေတာလဲ"

စုထျန်းထျန်းကတော့ ရှိုက်လို့သာ နေသည်။

"ကျွန်မ လျှောက်ပြောမပြော သူမပဲ သိလိမ့်မယ်! နောက်ဆုံးတခေါက် ကျွန်မ လီရိချန်အကြောင်း ပြောတုန်းက သူနဲ့ မိတ်ဆက်ပေးဖို့ နင်မုန့် ကျွန်မကို မမေးခဲ့လို့လား"

“??”

နင်မုန့်ကတော့ ဝမ့်ထောင်ကို ကြည့်လိုက်သည်။ ထိုစကားကြားလိုက်တဲ့အခါ သူ့ မျက်လုံးတွေ လင်းလက်သွားသည်။ တစ်ခုခု လွဲနေပြီဆိုတာတော့ သူ့ဘက်က သေချာပါတယ်။

"ငါပဲ လာပြန်ပြီလား"

နင်မုန့် ဟော်ပေ့ချန်ကို ကြည့်လိုက်သည်။ သူ့အသွင်အပြင်ကတော့ ငြိမ်သက်လို့ နေ၏။ လီရိချန် သူမကိုပို့လိုက်တဲ့ Hermèsလက်ဆောင်တွေ အကြောင်းကို သူတွေးနေမှန်း သိသာလေသည်။

ဒါပေမယ့် ဒီလောက်လေးနဲ့တော့ သက်သေပြလို့ မရဘူး မလား။

နင်ဝမ့်ထောင် စိုးရိမ်လာကာ ချောင်းဆိုးမိသွား၏။

"ဒါပေမယ့် နင် သူတို့ကို မိတ်ဆက်မပေးလိုက်ဘူး မဟုတ်လား"

စုထျန်းထျန်း မျက်နှာကတော့ မလုံမလဲ အပြစ်ရှိသလို ဖြစ်နေပေမယ့် သူမကတော့ နင်မုန့်ကို ဆက်၍သာ စွပ်စွဲလိုက်သည်။

"လီရိချန် ‘The Seductress'ရဲ့ copyrightကို ဝယ်တဲ့နေ့က ကားပါကင်မှာ သူနဲ့ နင်မုန့်နဲ့ တိုးခဲ့တယ်။ ဘာမှန်းမသိတဲ့ စကားတွေ ဖလှယ်ပြီးနောက်မှာ ကျွန်မအပေါ် လီရိချန်ရဲ့ အပြုအမူတို့က စပြောင်းလာခဲ့တာပဲ! နင်မုန့် နင်ကြံစည်ထားခဲ့တာ မဟုတ်လား။ ဘာလို့များ တခြားလူတွေရဲ့ ဆက်ဆံရေးကြားထဲ ဝင်ရှုပ်ချင်နေရတာလဲ"

“??”

အဲ့အချိန်တုန်းက သူမ အနေနဲ့ လီရိချန်ရဲ့ ‘Shifting to Mars’ကို ဖြတ်ခုတ်လိုက်သလို ဖြစ်သွားတာကြောင့် အပြစ်ရှိစိတ်နဲ့ အကြံဉာဏ် တချို့ ပေးခဲ့ရုံသာ ဖြစ်သည်။ အဲ့တာပြီးသွားကတည်းက သူမအနေနဲ့ သူ့ကိစ္စကိုတောင် လုံးဝမေ့နေပြီ!

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now