117[U&Z]

2.4K 303 1
                                    

[Unicode]

တစ်ခုခု မူမမှန်သလို နင်မုန့် ခံစားလိုက်ရသည်။

စင်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ လီဟောက်ကျယ်က စတင်ပြောလေ၏။

"ဒီနှစ်တွေထဲ သူမက ကျွန်တော့ကို အကောင်းဆုံး ကူညီခဲ့ပါတယ်။ ကျွန်တော့ရဲ့ အဆင့် အနိမ့်ဆုံး ရှိနေတဲ့အချိန်တည်းက ကျွန်တော့ဘေးမှာ အားပေးပြီး ခွန်အားပေးခဲ့တဲ့ လူ‌တစ်ယောက်ပါ။ ကျွန်တော့ရဲ့ လုပ်နိုင်စွမ်းတွေကို ယုံကြည်ပေးတဲ့ သူမက ကျွန်တော့ရဲ့ role model တစ်ယောက်လည်း ဖြစ်ပါတယ်"

ကျန်းရှန့်မေကတော့ မျက်ရည်တို့ဖြင့် ပြည့်နေပေမယ့် ထုတ်ပြောလာလိုက်သေးသည်။ "တကယ်လို့ နင် ငါ့ဟောက်ကျယ်လေးကို သစ္စာမရှိဘူးလို့ ထပ်ပြောရင် နင့်ကို ရိုက်ပစ်မယ်!"

"…"

လီဟောက်ကျယ်က ‌ဆက်ပြောသည်။ "ကျွန်တော် ဒီလမ်း မလျှောက်ခင်တည်းက သူမက ကျွန်တော့ရဲ့ လမ်းပြလေးပါ သူမကတော့...."

ကျန်းရှန့်မေ ခေါင်းငုံ့လိုက်သည်။ "ဒါပဲလေ နင်မုန့်။ ငါ့ မိတ်ကပ်တွေ ပျက်‌စီးနေပြီ ငါ့ eyeshadowတွေလည်း ပြန့်နေပြီ ဟုတ်တယ်မလား။ နောက်ကျလို့ ငါ့ကို မီးအလင်းထိုးလာရင် ဘယ်လို့ လုပ်ရပါ့မလဲ"

သူမ ထိုသို့ ပြောတဲ့ အချိန်မှာ လီဟောက်ကျယ်က နာမည်ကို အော်လိုက်သည်။ "စုထျန်းထျန်း ပါပဲ!"

ကျန်းရှန့်မေက ချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်ပြီး ပါးစပ်ကို လက်ဖြင့် ကာလိုက်ကာ လူအုပ်ကြီးကိုတောင် နှုတ်ဆက်လိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ သူမ ကြားလိုက်ရတဲ့ အရာကြောင့် နေရာမှာပင် မတ်တပ်ရပ်ထားလျက် ကြက်သေ သေ သွားရတော့၏။ အစောကလေး‌တင်မှ ပျော်ရွှင်မှုတို့ ပြည့်လျှံနေခဲ့တဲ့ သူမရဲ့ မျက်နှာက တောင့်တင်းသွားသည်။ အေးစိမ့်မှုတွေက ခြေထောက်မှ တဆင့် သူမ ကိုယ်ထဲသို့ ဝင်ရောက်လာပြီး ခေါင်းထဲက ထွက်တော့မည့်အလား!

သူမကို အခုလို မြင်လိုက်ရတဲ့ နင်မုန့် အနေနဲ့လည်း ဆက်မကြည့်ရက်တော့။ ကျန်းရှန့်မေက မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "သူ နာမည်မှားခေါ်လိုက်တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Wo Geschichten leben. Entdecke jetzt