6[Z&U]

6.1K 811 1
                                    

[Zawgyi]

မမျှော်လင့်သော လှုပ်ရှားမှု

Fanတွေသည် အုတ်အော်သောင်းနင်းဖြစ်ကြကုန်၏။

"နင်ဘာတွေလာပြောနေတာလဲ? မလုပ်ထားတဲ့ လုပ်ရက်အတွက် လူတစ်ယောက်ကို လာပြီးစွပ်စွဲနေတယ်! ဒါပြစ်မှုမြောက်တယ်နော်!"

"ဘာတွေလာပြောနေတာလဲ? ရုပ်ရှင်လာရိုက်နေတာ ရပ်လိုက်တော့!"

"နင်သူ့ကို မနာလိုတာပဲလို့တော့ ငါထင်တယ်"

Fanတွေဆီမှ ထိုကဲ့သို့တုန့်ပြန်မှုများ ကြားပြီးသည့်နောက် ထိုမိန်းကလေးfanက တုံ့ပြန်လိုက်သည်။

"ငါက? သူ့ကို မနာလိုဖြစ်တယ်? သူ လုပ်ခဲ့တဲ့အရာတွေအတွက် ငါငြိမ်မနေနိုင်တော့လို့ပဲ! နင်တို့အကုန်လုံးကို အမှန်တရားက ဘာဆိုတာ ငါအခုပြောပြမယ်! နင်မုန့်နဲ့ငါက ကောလိပ်တစ်ခုတည်း တက်ခဲ့တာ! ပြီးတော့ သူက အမြဲတမ်း အခန်းထဲမှာဆို ဘိတ်ချေးပဲ! Comicတစ်ပုံကိုတောင် ဘယ်လိုဆွဲရမှန်းတောင် သူ မသိဘူး!"

"တကယ်လို့ နင်မုန့်သာ ဘယ်လိုဆွဲရမှန်းမသိရင် 'ဘဝဖူးပွင့်ချိန်'စာအုပ်ကို ဘယ်လို ဖြန့်ချီနိုင်ခဲ့မှာလဲ?"

"သူ့အစား တစ်ယောက်ယောက်ကို ဆွဲခိုင်းခဲ့တာ!"

"သက်သေရှိလား? လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အရာကို လာပြီးပြောနေတာဆိုရင်တော့ ငါတို့က ယုံကြည်ပေးမှာမဟုတ်ဘူး"

"ငါ့မှာသက်သေမရှိပေမယ့် သူ့မှာရှိတယ်!"

မိန်းကလေး fanသည် ဘေးတွင်မတ်တပ်ရပ်နေသော အမျိုးသားတစ်ယောက်ကို ညွှန်ပြလိုက်၏။ ထိုအမျိုးသားကို မြင်လိုက်သည့်အခါ နင်မုန့်သည်လည်း shockရသွား၏။ ထိုအမျိုးသားက ခုနလေးတင် လူအများရဲ့ အနိုင်ကျင့်ခံလိုက်ရတဲ့ လူ။

"သူ့နာမည်က သုရုံ။ ပြီးတော့ ကောလိပ်မှာတုန်းက နင်မုန့်နဲ့တွဲခဲ့ဖူးတဲ့ ချစ်သူဟောင်း!"

"..."

နင်မုန့်တစ်ယောက် ဝေခွဲမရဖြစ်နေ၏။ ထိုအမျိုးသားက သူမရဲ့ ချစ်သူဖြစ်ခဲ့ဖူးလိမ့်မယ်လို့ ထင်မထားခဲ့။ ချက်ချင်းပင် သူမ ထိုလူကို တချက်ပြန်ကြည့်လိုက်တော့ ထိုလူက အမှန်တကယ်ကို ချောမောသည့်ပုံစံရှိသည်ကို တွေ့လိုက်ရသည်။ ပိန်နေသော ခန္ဓာကိုယ်ကြောင့်သာ ဆွဲဆောင်နိုင်မှုတို့ လျော့ပါးနေတာသာ ဖြစ်၏။ အမှန်တရားကို သဘောပေါက်ပြီးနောက်မှာတော့ နင်မုန့်တစ်ယောက် ကို့ရို့ကားယားနိုင်သလို ခံစားလိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now