76[U&Z]

3.6K 466 7
                                    

[Unicode]

နင်မုန့်သည်လည်း အံ့ဩလို့သွားသည်။ သူမ မှတ်မိသလောက်ဆို ဒီရုပ်ရှင်က ဒုတိယမြောက်နေ့မှာ ပထမဆုံးနေ့ ဝင်ငွေရဲ့ ၂ဆလောက်ကိုပဲ ငွေဝင်အောင် လုပ်နိုင်ခဲ့တာပါ။ရက်အတော်ကြာမှသာ တကယ့်အကြီးအကျယ် အောင်မြင်မှုရခဲ့တာ။ အခုကျတော့ အချိန်တိုတိုနဲ့တင် နောက်ဆုံးဝင်ငွေကို ရသွားပြီ....မဟုတ်သေးဘူး အခုက ဒုတိယ အကြိမ်ပဲရှိသေးတာ...ဒီတော့ ... ဒီထပ် ငွေတွေ ပိုဝင်မယ့် သဘော‌ပဲပေါ့!

သူမစိတ်တွေ ပြန်လည်လာချိန်မှာတော့ ဟန်မေလင်းရဲ့ အေးစက်နေတဲ့ မျက်နှာလှလှလေး ပေါ်မှ ရှုပ်ထွေးနေတဲ့ အကြည့်‌တို့ကို မြင်လိုက်ရသည်။ နင်ဝမ့်ထောင်သည်လည်း အမြင်မှားတယ်ထင်ပြီး မျက်လုံးကို ပွတ်လိုက်ကာ နောက်တခေါက် ပြန်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ရင်ဘတ်ထဲမှ အလုံးကြီး ကျသွားသလိုပါ ခံစားလိုက်ရ၏။

ချောင်ရွှယ်ဟွာသည်လည်း သူမ မျက်လုံးကို သူမ မယုံကြည်နိုင် ဖြစ်လို့နေသည်။

ရင်းနှီးမြှုပ်နှံသူတွေကလည်း အံ့ဩကုန်ကြသလို သူတို့မျက်လုံးတွေကလည်း တခနလောက် အာရုံမစိုက်လိုက်တာနဲ့ မြင်လိုက်ရတဲ့ နံပါတ်က လေနဲ့အတူ လွှင့်ပါသွားမှာ စိုးရွံ့သည့်အလား screenပေါ်ကိုသာ ကျောက်ချ စိုက်ကြည့်လို့နေ‌ကြလေ၏။

အေးခဲနေတဲ့ အခြေအနေကို ဖြိုခွင်းလိုက်သူက နင်မုန့်ဖြစ်သည်။

"ချောင်ရွှယ်ဟွာ ကျွန်မတို့ရဲ့ ရုံဝင်ငွေက စုထျန်းထျန်းထက် ၂ဆလောက် နိမ့်‌နေမှာလို့ ရှင်ပြောခဲ့တယ်မလား"

နိမ့်တာ? စုထျန်းထျန်းထက် ၂ဆတောင် မြင့်နေတာ!

"Shifting to Mars"က "The Hero"ရဲ့ ဝင်ငွေကို တစ်ရက်တည်းမှာပဲ ကျော်တက်သွားခဲ့တာ! "The Hero"က fanတွေသာ အဓိက အားပေးကြတာမို့ တနေ့တခြား ဝင်ငွေလျော့သွားတော့မှာ ဖြစ်သည်။ အပြိုင်ပြတဲ့ "Shifting to Mars"ကတော့ ဈေးကွက်ပုံစံကို အဓိက အားထားတာမဟုတ်ပဲ ကြည့်ရှူ‌သူတွေရဲ့ reviewနဲ့ တစ်ယောက်ကို တယောက် ညွှန်းဆိုမှုတွေကြောင့် တနေ့တခြား ဝင်ငွေ တိုးလာတော့မှာ ဖြစ်၏။

ယနေ့ ရလဒ်ကို မြင်ပြီးတဲ့အခါ "Shifting to Mars"က နောက်နေ့တွေမှာ ယနေ့ရတဲ့ ၁ဘီလီယံထက်တောင် ပိုပြီး ဝင်‌ငွေတိုးလာတော့မှာဟု လူတိုင်း တွက်ဆလိုက်ကြသည်။ချောင်ရွှယ်ဟွာရဲ့ မျက်နှာကတော့ အရိုက်ခံထားရသလို ရဲတွတ်လို့ လာလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now