17[Z&U]

5.3K 735 9
                                    

[Zawgyi]

မကြာခင်မှာပဲ သူမpostအောက်တွင် သူငယ်များရဲ့ မှတ်ချက်များ ပေါ်လာတော့သည်။

"တယောက်ယောက် နင်မုန့်ကို ပြန်ပေးဆွဲလိုက်တာလား?" သူငယ်ချင်း ၁ ကပြောလာ၏။

"တကယ်‌ ပြောနေတာလား? နင်တကယ်ကြီး ပျော်ရွှင်စရာတွေရှိတဲ့ ညဘက်တွေကို အရှုံးပေးလိုက်ပြီပေါ့?" သူငယ်ချင်း ၂ က မေးလိုက်သည်။

"တယောက်ယောက် သူ့အကောင့်ကို hackသွားတာများလား?" သူငယ်ချင်း ၃ ကပါပြောလာ၏။

"အရမ်းနောက်ကျသွားပြီ" ချီရှန် ပြောလိုက်သည်။

"..."

ချီရှန် သူမpostကို မြင်တယ်ဆိုတည်းက ဟော်ပေ့ချန်သည်လည်း သူမpostကို သတိထားလိုက်မိမှာ ဖြစ်မည်ပင်။ ထို့နောက်တွင်တော့ နင်မုန့်တယောက် ဖုန်းထဲရှိ contact listများထဲမှ ဟော်ပေ့ချန်ကို ရှာလိုက်ကာ ခွန်အားတွေကို စုစည်းလိုက်ပြီး ဖုန်းခေါ်လိုက်သည်။ မကြာမီမှာပင် တဖက်မှ စကားပြောသံကြားလိုက်ရသည်။

"သီးခံပါရှင် လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ မအားသေးသောကြောင့် နောက်တကြိမ် ထပ်မံခေါ်ဆိုရန် ကြိုးစားကြည့်ပါ။ သီးခံပါရှင်...."

"??"

ပြီးနောက် အချိန်တခုကြာသည်အထိ သူမစောင့်လိုက်ပြီး ထပ်မံခေါ်လိုက်သည်။ သို့သော်လည်း အရာမထင်ပေ။ ဟော်ပေ့ချန် သူမကိုများblockထားတာလား? နင်မုန့် ‌နှုတ်ခမ်း ကိုက်လိုက်ပြီးနောက် ချီရှန်ကိုသာ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ခနတာ ဖုန်းမြည်သံ ထွက်ပေါ်လာပြီးသော်လည်း ချီရှန်ကတော့ ချက်ချင်းပင် ဖုန်းချလိုက်၏။

"..."

သူမ နောက်တကြိမ် နှစ်ခါလောက် ကြိုးစားခေါ်လိုက်ပေမယ့်လည်း ချီရှန်ကတော့ သူမ ထပ်မံပြီး ဖုန်းခေါ်ဆို မရနိုင်စေဖို့ရာ ဖုန်းပါပိတ်ချလိုက်လေ၏။ သူမဖုန်းကို အခုလိုပဲ မကိုင်ဘဲ နေကြပါက ဟော်ပေ့ချန်နှင့် သူမ အတူနေနိုင်မည့် အကြောင်း ပြောနိုင်တော့မှာ မဟုတ်။ သူမအနေနှင့်လည်း အကြောင်းပြချက်ကောင်း လိုအပ်နေသည်။ အခန်းကို ဝေ့ပတ်ကြည့်နေရင်းမှ အခုပြဿနာကို ဖြေရှင်းနိုင်လောက်မည့် အကြောင်းပြချက်ကောင်းကို နင်မုန့် ရှာတွေ့သွားလေ၏။
.....

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now