33[U&Z]

4.3K 573 17
                                    

[Unicode]

ဆူညံသံတွေကို တံခါးအပြင်မှ ကြားနေရသည်။ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ယောက်သည် ရုံးခန်းထဲသို့ ခပ်မှန်မှန်ဖြင့် လမ်းလျှောက်လာလေသည်။ သူ့မှာ စူးရှတဲ့ မျက်ဝန်းတို့ရှိနေပြီး ဩဇာကြီးပြီး တည်ကြည်သော မျက်နှာသွင်ပြင်ရှိလေသည်။ စီးပွားရေး လုပ်ငန်းရှင် မဖြစ်ခင်က လီရိချန်သည် စစ်သားဖြစ်ခဲ့၏။  အသွင်အပြင်ချင်း ယှဉ်မယ်ဆိုရင်တော့ ဟော်ပေ့ချန်က ပိုသာတယ်ဆိုသော်ငြား သူ့ဆီတွင်လည်း ဟော်ပေ့ချန်ကဲ့သို့ အရှိန်အဝါရှိနေသည်။

သူတို့ နှစ်ယောက်လုံး မျက်လုံးချင်း ဆုံလိုက်သည့်အခါ အားကောင်းလှသည့် အရှိန်အဝါတို့ တိုက်မိလေသည်။ ထိုအရာက နင်မုန့်ကို အနောက်သို့ ဆုတ်မိသည်အထိ အားကောင်းလွန်းလှ၏။ အခန်းထဲတွင် သာလွန်သော ဖိအားတို့ ရှိနေပြီး နင်မုန့်ကိုယ်တိုင်တောင် ပုံမှန်အသက်ရှူဖို့ မနည်းကြိုးစားနေရသည်။

"မဖိတ်ပဲ ရောက်လာမိတဲ့အတွက် အားနာပါတယ် CEOဟော်" လီရိချန် ပြောလိုက်သည်။

ဟော်ပေ့ချန်ကတော့ 'ငါ့လက်အောက်မှာ အရာအားလုံး ထိန်းချုပ်ထားတယ်' ဆိုသော အကြည့်တို့ရှိနေသည်။ ထို့နောက် ချီရှန်ကို အမိန့် ပေးလိုက်လေ၏ "သူမကို ဒီခေါ်လာခဲ့"

"ဟုတ်ကဲ့ပါ ဘော့စ်!"

မကြာခင်မှာပဲ စုထျန်းထျန်းကို ရုံးခန်းထဲသို့ ဆွဲခေါ်လာလေ၏။ ဒူးခေါင်းတွေက နာကျင်လွန်းလှတာမို့ သူမလမ်းလျှောက်ပုံက ဒယိမ်းဒယိုင် ဖြစ်နေလေသည်။ သူမ ပါးစပ်မှာ ပိတ်ထားတဲ့ တိပ်ကို အကြမ်းပတမ်း ဆွဲခွာလိုက်တဲ့အခါ နှုတ်ခမ်းတို့ ပေါက်ပြဲကာသွေးထွက်လာလေသည်။

"ဘယ်လိုနေသေးလဲ" သူမကို ‌သေချာမတ်တပ်ရပ်နိုင်အောင် ကူညီရင်း လီရိချန် ဒေါသတို့ဖြင့် မေးလိုက်သည်။

"ဒါအကုန်လုံး အထင်လွဲနေတာ!"

စုထျန်းထျန်းက အဓိက‌‌ဇာတ်ဆောင် ဖြစ်လေတာမို့ အပြင်းအထန် ဒဏ်ရာ‌ရနေသည့်တိုင် မေးခွန်းကို ပြန်ဖြေဖို့ရာ ခွန်အားတို့ ရှိနေသေးလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now