87[U&Z]

3K 410 20
                                    

[Unicode]

ပြင်းထန်စွာ မောင်းလာတဲ့ ကားတစ်စီး တိုက်မိသွားသလို နင်မုန့် ခံစားလိုက်ရသည်။ မဟုတ်ဘူး လေယာဉ်နဲ့ တိုက်မိတာ! သူမ လျှာဖျားတို့ လေးနေသလို စကားတစ်ခွန်းတောင် မပြောနိုင်ပေ။

ဟန်မေလင်းကတော့ နင်မုန့်ကို ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "အိုး နင်တို့၂ယောက်က အပြင်မှာလဲ သိကြတာလား"

"နတ်ဘုရား"က ပျော်ရွှင်စွာပဲ ချစ်ဖို့ကောင်းလှတဲ့ သူစွယ်လေး ၂ချောင်းပါ ပေါ်အောင် ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ဒေါ်လေး ဒါက ကျွန်တော့ရဲ့....."

နင်မုန့်က အလျင်အမြန်ပဲ ကြားဖြတ်ပြောလိုက်သည်။ "နတ်ဘုရားလေး နင့်ကို အပြင်မှာ အခုလောက်ထိ ကြည့်ကောင်းနေမယ်လို့ ထင်တောင် မထင်ထားဘူး"

ပါပီကောင်လေးရဲ့ အရပ်က 182cmဖြစ်သည်။

ထိုစကားကြားတဲ့အခါ ကောင်ငယ်လေးက ရှက်ရွံ့စွာ ခေါင်းငုံ့ရင်း အသံသေးသေးလေးနဲ့ ပြန်ပြောလာသည်။

"အမလည်း ဓာတ်ပုံတွေကထက် အများကြီး ပိုလှတယ်"

“…”

အော်!!!!

(✪‿✪)

ဒီ ပါပီကောင်လေးက အရမ်း ချစ်ဖို့ကောင်းပြီး မြတ်နိုးချင်စရာလေး!! သူက အရမ်းချစ်ဖို့ ကောင်းလွန်းတာမို့ နင်မုန့် သူ့အနားသွားပြီး ခေါင်းပွတ်ပေးချင်တဲ့ စိ‌တ်တွေက ထိန်းမနိုင် သိမ်းမရ။

ဟန်မေလင်းက ပြုံးလိုက်ပြီး "နတ်ဘုရား‌လေး ငါမင်းကို ဒီခေါ်လိုက်တာက အမှန်တော့ မုန့်မုန့်နဲ့ မိတ်ဆက်ပေးဖို့ပဲ။ မင်းတို့ ၂ယောက်လုံး ဒီထပ်ပိုပြီး ရင်းရင်းနှီးနှီးနေလို့ ရပါတယ်"

'နတ်ဘုရား'ရဲ့ အပြုအမူတို့က ခနတာ ရပ်တံ့သွားသည်။

"....ဒေါ်လေး တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်က သိပြီး...."

"ဟုတ်တယ် တကယ်တော့ 'နတ်ဘုရား' နဲ့ ကျွန်မက အရင်တည်းက သိလာသလို ခံစားရပါတယ်။ အရင်တည်းကလိုပေါ့! ဟဟ! ဟဟဟ!"

နင်မုန့်က ကောင်လေးရဲ့ ပါးစပ်ကို ထပ်ဖွင့်ခွင့်‌မပေးဘဲ အလျင်အမြန်ပဲ ဖြတ်ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now