Story Description(Uni and Zawgyi)

24.5K 1.2K 47
                                    

ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။ ထို့နောက်တွင် သားရဲကြယ်မြို့မှ သားရဲနတ်ဘုရား၏ စွန့်ပစ်ခြင်းခံရခြင်းဖြင့်နာမည်ကြီးသော အသုံးမကျသည့် ရှဲ့စန်းအဖြစ် ပြန်လည်နိုးထလာခဲ့သည်။အရင်ခန္ဓာကိုယ်ပိုင်ရှင်သည် အသက်၁၈နှစ်ပြည့်ပြီး​​​သော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့​​ပေ။

ဒီကမ္ဘာတွင် Zombie များမရှိသည့်အပြင် လေထုအရည်အသွေးအရမ်းကောင်းမွန်သည့်အတွက် ကူးပြောင်းလာသော ရှဲ့စန်းအတွက် အရမ်းစိတ်ကျေနပ်စရာကောင်းလှသည်။ဤကမ္ဘာတွင် အပင်နဲ့အသီးအရွက်များသည် အနည်းငယ်သာရှိပြီးဈေးကြီးလွန်းသည်။သူ့တွင် အပင်စနစ်ရှိသည့်အတွက် ဂရုစိုက်စရာမလိုသလို ကြောက်စရာလည်းမရှိပေ။
ပြဿနာမှာ အပင်စနစ်အတွက် စွမ်းအင်လုံလောက်မှုမရှိခြင်းဖြစ်သည်။ရှဲ့စန်းအတွက် အပင်လိုချင်ရင် စွမ်းအင်စုဆောင်းဖို့လိုအပ်သည်။

System: 'စွမ်းအင်အတွက် တစ်ခြားလူတွေဆီက အသိအမှတ်ပြုခံရဖို့လိုတယ်။စွမ်းရည်သတ်မှတ်ချက်ပြည့်တာနဲ့ အပင်တစ်ပင်ရလိမ့်မယ်။'

ရှဲ့စန်းအနေနဲ့ သူ့အတွက် အမှတ်ရဖို့ကိုသာ လိုလားတယ်။ဒါပေမယ့် သူ့အစီအစဉ်က ရုပ်ရည်ချောမောတဲ့ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာ ရပ်တန့်သွားခဲ့တယ်။

ရှဲ့စန်း ။ "မင်းနာမည် ဘယ်လိုခေါ်လဲ"

ရုပ်ရည်ချောမောတဲ့ယောက်ျား ။ "မိုင်နဲ ကော့စ်"

ရှဲ့စန်း ။ 'ဘာကြောင့်ရင်းနှီးနေပါလိမ့်'

'အားးး သေလိုက်ပါတော့ သူဖတ်​နေတဲ့ဝတ္ထုထဲက ဂြိုလ်သားတွေကို ဦးဆောင်ပြီး သားရဲဂြိုလ်ကိုဖျက်ဆီးခဲ့တဲ့ဗီလိန်ဘော့စ် မဟုတ်ဘူးလား'

ရှဲ့စန်း။ 'ဒီလိုလူမျိုးကို ပုခက်ထဲမှာကတည်းက သတ်လိုက်သင့်တာ'

နောက်ပိုင်း ရှဲ့စန်း။ "သူ့ကိုဘယ်သူထိတာလဲ "

မိုင်နဲ။ "ကိုယ့်ကောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now