7. အလုပ်

5.9K 1.1K 11
                                    

ရှဲ့စန်း မတ်တပ်ရပ်ပြီး ​​ခေါင်းခါလိုက်သည်၊ "ကျွန်​တော်က ပြုစု​စောင့်​ရှောက်သူ မဟုတ်ပါဘူး"

အဖြူ​ရောင်ဝတ်ထားလူ က အံ့အားသင့်သွားသည်၊ ရှဲ့စန်း ​ခြေ​ထောက်ကို ပွတ်​နေ​သေးတဲ့ ​​ကြောင်ကို အံ့သြစွာကြည့်ပြီး သိမ်​မွေ့စွာ ပြုံးလိုက်သည်၊ "သူ့ကို စိတ်ငြိမ်သွား​အောင် လုပ်​ပေးတဲ့​နေရာမှာ အရမ်း​တော်တယ်၊ မင်း က ငါ​တွေ့ဖူးသမျှ ​စောင့်​ရှောက်သူ​တွေထက် ပိုကောင်းတယ်။ "

ရှဲ့စန်း : "....."

သူ ဘာမှမလုပ်ခဲ့ရပါဘူး၊ သူ အပင် system ကို ရပြီး​နောက်မှာ တိရိစ္ဆာန်​တွေက သူ့ကို သ​ဘောကျလာကြတယ်။ အက်ဒမ်​ ပြောတာ​တော့ အဲ့ဒီလို ဖြစ်ရတဲ့အ​ကြောင်း က တိရိစ္ဆာန်​တွေရဲ့ သဘာဝနဲ့ နီးကပ်မှု​ကြောင့်ဖြစ်တယ်တဲ့။

အပြာ​ရောင် ဝတ်ထားတဲ့လူက အနည်းငယ်​ ကုန်းပြီး ရှဲ့စန်းစီ ကို အသာ​လေး လမ်း​လျှောက်လာခဲ့တယ်၊ သူ့မျက်လုံးက ​ကြောင်​လေး ထွက်မ​ပြေးတာ​သေချာ​အောင် အချိန်ပြည့်ကြည့်​နေခဲ့တယ်။ ​ကြောင်​လေးစီ ​ရောက်တဲ့ အခါမှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ ​တောက်ပတဲ့ အနီ​ရောင်မျက်လုံးနဲ့ ကြည့်လိုက်တယ်။

"​မြှောင်~~~"

သူ​ က ကြောင် ကို ဆွဲယူလိုက်​တော့ ​ကြောင်လေးက ရှဲ့စန်းကို တွယ်ကပ်​နေတာ လွတ်​တော့မလိုဖြစ်သွားသည်၊ ​ကြောင်​လေးက အနည်းငယ် စိတ်တို​နေတဲ့ ​ကြောင်​အော်သံ တိုးတိုး​လေး ​ပေးလာခဲ့သည်။

အပြာ​ရောင် ဝတ်ထားတဲ့လူ က လှုပ်​နေတာရပ်တန့်သွားသည်၊ ​ကြောင်​လေးက သူ့လက်ထဲက​နေ ခုန်ချသွားခဲ့ပြီး ရှဲ့စန်း​ ခြေ​ထောက် ကို သူ့​ခေါင်းနဲ့ ဆက်ပွတ်​နေခဲ့သည်။

"မန်​နေဂျာ ယန် ငါတို့ ဘယ်လိုလုပ်သင့်လဲ" အပြာ​ရောင်ဝတ်စုံ ဝတ်ထားတဲ့လူ က ​နောက်လှည့်ပြီး ​မေးလိုက်သည်၊ သူ့ကို ကြည့်ရတာ စိတ်ပျက်သွားပုံရသည်။

"သူက ငါနဲ့ ဆက်နွယ်နိုင်မှု အမြင့်ဆုံး ဖြစ်တဲ့ ပါရှန်(​မွေးရှည်)​ကြောင် ဖြစ်​ပေမယ့် ငါ့ကို သ​ဘောမကျတဲ့ပုံပဲ"

အဖြူ​ရောင် ဝတ်ထားတဲ့လူက လမ်း​လျှောက်လာပြီး ​ကြောင်ကို စစ်​ဆေးကြည့်လိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now