Chapter 84 : ပြန်လည်တွေ့ဆုံခြင်း

4.1K 788 4
                                    

Suprise!!!
ဒီ​နေ့က က​လေးများ​နေ့မလို့ က​လေး​တွေကို supriseလာတိုက်တာပါရှင့် 🤎🤎🤎

Chapter 84 : ပြန်လည်တွေ့ဆုံခြင်း

ရှဲ့စန်း အေးခဲသွားပြီး သူ့အရှေ့က အဆုံးမဲ့ ပင်လယ် ကို ထိတ်လန့်စွာ ကြည့်ရင်း ညာဘက်ပခုံး ကို ထိလိုက်တယ်။ သူ ကြီးမားတဲ့ စွမ်းအင်ပမာဏ ကို အမှန်တကယ် ခံစားလို့ရနေပြီး ခံစားချက် က မပြင်းထန်သော်လည်း အဲဒါကို လျစ်လျူမရှုနိုင်ပေ။

အစ က ဧရာမ မိချောင်းသားရဲနဲ့ ဧရာမ ဝက်ဝံသားရဲတို့က သူူတို့ရဲ့ လှောင်အိမ်များတွင် ရိုးရိုးရှင်းရှင်း လှဲလျောင်းနေခဲ့ကြသော်လည်း သူတို့ က ပင်လယ်ဘက်သို့ တစ်ပြိုင်နက် မျှော်ကြည့်ပြီး မသိစိတ် က ရေရဲ့ အစွန်းကို ရွေ့သွားကြသည်။ သို့သော်လည်း သံတန်းများဖြင့် ကာထားတာကြောင့် အနည်းငယ်သာ ရွှေ့နိုင်ခဲ့သည်။

နဂါးပျံသားရဲနဲ့ ခြင်္သေ့ပျံ သားရဲတို့ကလည်း ပင်လယ်ဘက်သို့ ဟိန်းဟောက်ကြပြီး၊ချွန်ထက်တဲ့ ခြေသည်းတွေနဲ့ မြေပြင်ပေါ် ကုတ်ခြစ်လိုက်ကြသည်။

ရှဲ့စန်းရဲ့ မျက်လုံးတွေ ရုတ်တရက် တောက်ပလာသည်။ သူတို့ရဲ့ တုံ့ပြန်မှုတွေ ကို မြင်လိုက်ရတော့ သူ့ ခံစားချက် က မှန်တယ်ဆဆဆိုတာ ပိုသေချာလာတယ်။ ပင်လယ်ထဲမှာ စွမ်းအင် က တကယ်ရှိနေတယ်!!! ​ဆက်နွယ်သားရဲတွေ က အဲဒါကို ခံစားနေရတယ်။

"ဘာမှားနေလို့လဲ?" လောင်ထန်း ပျံသန်းနေတဲ့ နဂါးပျံသားရဲ ကို ပွတ်သပ်ပြီး ပင်လယ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ တောက်ပလာပြီး "မင်း အန္တရာယ်တစ်ခုခု ခံစားနေရတာလား"

ရှဲ့စန်းရဲ့ နှုတ်ခမ်းးထောင့်များ လှုပ်သွားသည်။ လောင်ထန်း က တစ်ခုခုကို မျှော်လင့်နေတယ် ဆိုတဲ့ ခံစားချက်ကို သူသိနေခဲ့သည်။

"ရေထဲမှာ ငါရှာနေတဲ့ စွမ်းအင်တစ်ခု ထပ်ရှိသေးတယ်" ဟု သူက ပြောလိုက်သည်။

သို့သော် သူ့မျက်လုံးတွေထဲမှာ သံသယ အရိပ်အယောင်များ ရှိနေသည်။ ဒီတစ်ခါတော့ စွမ်းအင်က သူ့ကို အရင်က စွမမ်းအင်နဲ့ လုံးဝ မတူတဲ့ ခံစားချက်ကို ပေးနေတယ်။ နေရာ က အရမ်း ကျယ်တာကြောင့် တည်နေရာအတိအကျ ကို သတ်မှတ်လို့ မရပေ။ နေရာတိုင်းလိုလို ခံစားနေရသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now