Chapter 92: ကိုယ်ဝန်

5.7K 932 69
                                    

Chapter 92: ကိုယ်ဝန်

ရှဲ့စန်း အက်ဒမ်ရဲ့ အသံကို ကြား​တော့ ချက်ချင်း ပြုံးလိုက်သည်။ ("ငါ အပင်အမျိုးအစား ၆၀ လောက်ကို အသက်သွင်းခဲ့တယ်။ အခု ဘယ်လိုခံစားရလဲ")

အက်ဒမ်ရဲ့ အသံ က ကျယ်လောင်ပြီးရင်း ကျယ်လောင်လာပြီး ("မျိုးစိတ် ၆၀? ကြည့်ရအောင်...အဲဒါက မယုံနိုင်စရာပဲ!")သူ့အသံ က ခဏရပ်သွားပြီး ("အားစန်း မင်းက အရမ်း တော်တာပဲ။ အရမ်း ကောင်းတယ် လို့ ခံစားရတယ်")

သူ့အသံက စိတ်လှုပ်ရှားပြီး အားအင်တွေ ပြည့်နေမှန်း သိသာသည်။ ရှဲ့စန်းရဲ့ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

("အဲဒါဆို ကောင်းတယ်။ ဒီစွမ်းအင်တွေ အကုန်လုံး က ငရုတ်သီးကြောင့် ရတာမလို့ မင်းက အဲဒါကို ရှာတဲ့သူပဲ")

အက်ဒမ် အပင် က ထွက်လာတဲ့ စွမ်းအင်ကို ခံစားလိုက်ရပြီး တက်ကြွ​နေတဲ့ အသံဖြင့်

("မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အားစန်း က အ​တော်ဆုံးပဲ။ ငရုတ်သီးကိုလည်း မင်း အသက်သွင်းပေးထားတာ​လေ။ အဲဒါက ကောင်းလိုက်တာ။ လက်ကျန် ရေစွမ်းအင်ကို အာရုံခံနိုင်ဖို့ ကြိုးစားကြည့်မယ်")

သူ ငြိမ်သွားပြီး ရှဲ့စန်း က သူ့ကို မနှောင့်ယှက်ခဲ့​ပေ။ ခဏအကြာတွင်၊ အက်ဒမ် အံ့သြစွာနဲ့ ("ဒါက ဘယ်လိုဖြစ်ရတာလဲ!")

ရှဲ့စန်း က ("ဘာဖြစ်တာလဲ") လို့ မြန်မြန် မေးလိုက်တယ်။

အက်ဒမ် က ဝိုးတဝါးအသံဖြင့် ("ဟင့်အင်း၊ ဘာမှမဟုတ်ဘူး။ ငါ ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်နိုင်တယ်")

ရှဲ့စန်း မျက်ခုံးပင့်လိုက်သည်။ စနစ်တစ်ခုနဲ့ ထင်ယောင်ထင်မှား ဖြစ်တာလား။

အက်ဒမ် က သူ့ရဲ့ အာရုံခံစားမှု ကို အမြင့်ဆုံး မြှင့်တင်ဖို့ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင် ကို အသုံးပြုခဲ့သည်။ သူ ရေစွမ်းအင်ကို အာရုံခံမရသော်လည်း အဲဒါအတွက် ပြင်ဆင်ထားပြီး အာရုံခံစားမှု ကို တိုးစေနိုင်သည့် အပင်စွမ်းအင် ကို လှုံ့ဆော်ပေးခဲ့သည်။

သူ စွမ်းအင်တွေ စုဆောင်းနေချိန်မှာ အပင်ရဲ့ စွမ်းအင်ကို ဆွဲထုတ်လိုက်သလို ခံစားရပြန်သည်။ သူ့အား စွမ်းအင်ကို အသုံးမပြုရန် တားဆီးထားသည့် ပြောင်းပြန်စက် တစ်ခု ရှိနေသည်။ သူက ခုခံမှုရဲ့ အရင်းအမြစ်ကို ဂရုတစိုက် အာရုံခံခဲ့ပြီး အရင်က ကဲ့သို့ပင် နိဂုံးချုပ်သွားခဲ့သည်။ အဲဒါ က လူသားတစ်ဦးနဲ့ သက်ဆိုင်ပြီး အားနည်းတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now