Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း

5.4K 979 19
                                    

Hi ပြန်လာပါပြီ​ရှင့်

အရင် အပတ် က တင်​ပေးရမှာ မတင်ဖြစ်လို့ အပိုင်း မခွဲ​တော့ဘဲ တစ်ပိုင်းလုံး တင်​ပေးလိုက်တယ်​နော်

Chapter 37 : ​ခဏ​လောက် သတိလွတ်သွားခြင်း

ဂျူ​လော့စ်ရဲ့ မွေးနေ့ပါတီကို တက်ရမှာလား? မိုင်နဲနှင့် ဂျူလော့စ်ရဲ့ လက်ရှိ ဆက်ဆံရေး အကြောင်း မသိဘူးလား? မိုင်နဲ ဦးလေးရဲ့ခေါင်းထဲမှာ သဲ​တွေ ရှိနေတာလား?

ရှဲ့စန်းသည် သူ့ဦးလေးအပေါ်  မိုင်နဲ၏ သ​​ဘောထားကို သိပြီးကတည်းက သက်ပြင်းချကာ ​​​​မေးလိုက်သည်။

"မင်း လာမယ်လို့ ​ပြောလိုက်လား?"

မိုင်နဲ ခေါင်းညိတ်ပြီး "ငါ မလာဘူးလို့ မပြောနိုင်ဘူး​လေ"

ရှဲ့စန်း သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။ မင်းဟာက မဟုတ်​သေးပါဘူး၊ မလာနိုင်ဘူးလို့ မပြောနိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?

မိုင်နဲ က နှုတ်​ခမ်းစေ့​ ထားလိုက်သည်။ "ဦး​လေး အတွက် အခက်အခဲတွေ မဖြစ်စေချင်ဘူး၊ ရေတပ်ဗိုလ်ချုပ်ကြီး ကော့စ်က သူ့ကို အမိန့်ပေးထားတယ်။" ထို​နေရာတွင် မိုင်နဲ၏ လေသံ အနည်းငယ် အေးစက်သွားသည်။ "သူ ငါ့ကို တစ်ခုခုပြောချင်နေတာ ဖြစ်နိုင်တယ်!"

ရှဲ့စန်း က "မင်း ပြိုင်ပွဲမှာ ချန်ပီယံဆု ရတာကို မြင်လိုက်ရ​တော့ မင်းက ​တော်တယ်လို့ ထင်ပြီး ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ ဒီဟာကို အခွင့်အရေး ယူချင်နေတာ ဖြစ်နိုင်မလား"

"ဖြစ်နိုင်တယ်" မိုင်နဲက ပြောသည်။ "မနက်ဖြန် သွားကြည့်ရင် ငါတို့ သိရလိမ့်မယ်"

ရှဲ့စန်း က သိပ်မသေချာ​ပေ။ မိုင်နဲ အတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ ဦးလေးဖြစ်ပြီး၊ ဦးလေး၏အစ်ကိုနှင့် ဂျူလော့စ်တို့က မိုင်နဲကို ဝိုင်းပယ် ထား​ကြပြီး ဆက်ဆံ​ရေး မ​ကောင်းကြ​ပေ ။ သူတို့ကြောင့် ဖြစ်နိုင်ခြေများတယ် ။

ဂျူ​လော့စ်၏ မွေးနေ့ပါတီတွင် ဤလူများ အားလုံးလာနိုင်ပြီး ဖြစ်နိုင်ချေရှိသော အခြေအနေများစွာ ရှိ​နေခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now