Chapter 38 : အမှီလိုက်ခြင်း

4.6K 990 13
                                    

Chapter 38 : အမှီလိုက်ခြင်း

ရှဲ့စန်း တတ်နိုင်သမျှ မြန်မြန် ပြေးထွက်ခဲ့ သော်လည်း မိုင်နဲ ကို မတွေ့ရတော့ပေ။ သူ စင်္ကြံ တစ်လျှောက်လုံး ပြေးသွားပြီး ကော့စ် မိသားစုအိမ်မှ ထွက်ခဲ့သည်။ ကော့စ်အိမ်၏ ညာဘက်ရှိ ကားပါကင်တွင် ရုတ်တရက် အလင်း​ရောင် တစ်ခု ထွက်​ပေါ်လာသည်။ ထိုအလင်း​ရောင် က ညဘက်တွင် စက်နှိုးလိုက်သည့် လွန်းပျံယာဉ်၏ တောက်ပသော အလင်းရောင် ဖြစ်သည်။ သူကြည့်လိုက်​တော့ မိုင်နဲ၏ လွန်းပျံယာဉ် ဖြတ်သွားသည်ကို မြင်လိုက်ရသည်။

သူ လမ်းဘေးသို့ ပြေးသွားကာ ငှားလို့ရတဲ့ လွန်းပျံယာဉ်ကို တားလိုက်သည်။ မြင်ကွင်းမှ ပျောက်ကွယ်တော့မည့် လွန်းပျံယာဉ်ကို သူညွှန်ပြလိုက်သည်။ 

“ဆရာ၊ တတ်နိုင်သမျှ မြန်မြန်​လေး လိုက်​ပေးပါ ”

ကားသမားက တတ်နိုင်သမျှ မြန်မြန် မောင်းပြီး နောက်ကြည့်မှန်ကို ငုံ့ကြည့်လိုက်သာ်။ 

"မင်း ဘာဖြစ်လို့ သူ့အ​နောက်ကို လိုက်နေတာလဲ?"

ရှဲ့စန်း ယာဉ်မောင်းသူက မကောင်းတာ တစ်ခုခုလုပ်ရန် တစ်စုံတစ်ဦး နောက်သို့ လိုက်ခိုင်းမည်ကို စိုးရိမ်နေကြောင်း မှန်းဆမိပြီး  "သူ စိတ်ထိခိုက်ပြီး စိတ်ဆိုးနေတယ်" ဟု ရိုးရိုးရှင်းရှင်း ပြန်ဖြေခဲ့သည်။

ကားမောင်းသူက ရှဲ့စန်း၏ စိုးရိမ်သောက ​ရောက်​နေ​သော မျက်လုံးများကို မြင်ပြီးနောက် သူ၏ ပိန်သောခန္ဓာကိုယ်ကို ကြည့်ကာ "မင်းရည်းစားနဲ့ ရန်ဖြစ်ခဲ့လို့လား" ဟု နောက်ပြောင် ပြောဆိုခဲ့သည်။

ရှဲ့စန်း နောက်ပြောင်သည့် ခံစားချက် လုံးဝ ရှိမ​နေပေ။ မိုင်နဲရဲ့ ဒဏ်ရာနဲ့ သူ့ရဲ့ နောက်ဆုံးအမူအရာကို တွေး​နေမိသည်။ သူ့နှလုံးသားက နာကျင်နေပြီး စိတ်မပူဘဲ မနေနိုင်​ပေ။ “မြန်မြန် သွားလို့ ရမလား?” ဟု တိုက်တွန်းခဲ့သည်။ 

“ငါ က ကန့်သတ်ထားတဲ့ အမြန်နှုန်း အထိ ​ရောက်​နေပြီးသားပါ၊ စိတ်မပူပါနဲ့၊ ငါတို့ သူ့ကို မ​ပျောက်နိုင်ပါဘူး။ သူ ဒီလောက် အမြန်ပဲ သွားနိုင်တာပါ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now