Chapter 26 : တိုက်ခိုက်ခြင်း

5.7K 1K 21
                                    

Hi I'm back 👋

Chapter 26 : တိုက်ခိုက်ခြင်း

အဖိုး နဲ့ ​လောင်ထန်း က တစ်ချိန်တည်းမှာ တစ်​ယောက်ကို တစ်​ယောက် ကြည့်ပြီး ​မေးလာခဲ့သည်။

“အဘိုး ၊အဘိုးလည်း သူ့ကို သိတာလား”
​"ရှောင်ထန်း၊ မင်းလည်း သူ့ကို သိတာလား"

ရှဲ့စန်း က သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး တွေးကြည့်လိုက်တော့ သူတို့ အရမ်းတူနေတာ မထူးဆန်းပါဘူး၊ သူတို့က မြေးအဘိုးတွေပဲ။ သူတို့နှစ်ဦးနှင့်ဆက်ဆံရာတွင် ယခင်က အကြောင်း တွေးကြည့်သောအခါ၊ လူများကို ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းသည်လည်း အတူတူပင်ဖြစ်သည်။

“သူက ငါ ပြောနေတဲ့ အိမ်နီးနားချင်း​လေ” ဟု အဘိုးက ပြောသည်။

​လောင်ထန်း ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ မျှော်လင့်ထားသည့် အကြည့်ဖြင့် သူ့ပခုံးကိုဆွဲကိုင်ရန် ရှဲ့စန်း ဆီသို့ ခုန်လိုက်သည်။

 "အစပ် အသား​ခြောက် က အရမ်းအရသာရှိတယ် ! ။ ငါ ပိုပြီး​တော့ စားချင်တယ်!"

ရှဲ့စန်း သည် အဘိုးအိုကို ကြည့်လိုက်သည်။

 “ငါ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ ဒီကလေးက ငါထမင်းစားချိန်ကို သိတယ်” လို့ ညည်းတွားလာခဲ့သည်။ 

"သူက အကုန်လုံးနီးပါး စားသွားတယ်!"

ရှဲ့စန်း သည် ​လောင်ထန်း၏လက်ကို ဖယ်လိုက်သည်။

 "မရှိတော့ဘူး။"

​လောင်ထန်း ၏ ပြုံးနေသော မျက်နှာသည် မဲ့ကျသွားပြီး တစ်စက္ကန့်အကြာတွင် စိတ်ပျက်နေသော မျက်နှာ ဖြစ်သွားသည်။ ထို့နောက် ဖြူစင်တောက်ပသော သွားများဖြင့် ပြုံးပြလာသည်။ 

“ဘယ်မှာ ဝယ်ရမလဲ ဆိုတာ ပြောပြပါ။ နေ့တိုင်း စောင့်ကြည့်နေမယ်။ ငါ ​သေချာ​ပေါက် ဝယ်မှာ!"

အဖိုးက ခေါင်းညိတ် သဘောတူလာသည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်မှာဝယ်ရမလဲ ပြောပါ။ ဒီကလေးက ပစ္စည်းတွေ မြန်မ့န်ဆန်ဆန် ဝယ်တာကျွမ်းတယ်။ မင်းအတွက် တစ်ချို့ကိုလည်း ငါတို့ ဝယ်ထား​ပေးမယ်။"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now