Chapter 104 :​ဖော်ထုတ်ခြင်း

4.3K 739 8
                                    

Chapter 104 :​ဖော်ထုတ်ခြင်း

အင်တာနက် သုံးစွဲသူ​တွေ က ဗီဒီယို​တွေ လျင်မြန်စွာလုပ်ဆောင်နေမှု ကို ​တွေးမိကာ ရှဲ့စန်း မ​နေနိုင်ဘဲ သက်ပြင်းချခဲ့သည်။

မိုင်နဲ က တံခါးကို ဖွင့်လိုက်​တော့ ၄ယောက်လုံး ဧည့်ခန်းထဲ ဝင်သွားပြီး ရှဲ့စန်း က ဆိုဖာပေါ် ထိုင်ချလိုက်သည်။ မိုင်နဲ က သူ့ပခုံးကို ပုတ်လိုက်သည်။

"ကိုယ် ထမင်းချက်လိုက်ဦးမယ်"

ရှဲ့စန်း က ခေါင်းညိတ်လိုက်သည်။ အသုံးမပြုရ​သေးတဲ့ ဂေါ်ဖီထုပ် အကြောင်း တွေးကာ ဆင့်ခေါ်လိုက်သည်။ ဂေါ်ဖီထုပ် က အပြားလိုက်ရှိကာ ပြန့်နေဆဲဖြစ်ပြီး၊ ကုန်တိုက်မှာထက် များစွာ သေး​ငယ်သည်။ အဖြူရောင်အရွက်များတွင် ဝေဟင် ကင်မရာ အကြွင်းအကျန်​တွေကြောင့် မည်းနေတဲ့ အပေါက်​တွေ ပါရှိ​နေပြီး သူတို့က သနားစရာ ကောင်း​နေသည်။ သူက အမှိုက်ပုံးကို ဆွဲထုတ်ကာ ဂေါ်ဖီရွက် တစ်ရွက်ကို ခူး၍ အကြွင်းအကျန်​တွေ ကို အမှိုက်ပုံးထဲသို့ ခါထည့်လိုက်သည်။

​လောင်ထန်း က စပ်စုစွာနဲ့ လှမ်းပြောသည်။ "ငါ မင်းကို ကူ​ပေးမယ်"

ရှဲ့စန်း က သူ့ကို လွှဲ​ပေးလိုက်သည်။ ​လောင်ထန်း က အရွက်ကို ညှစ်ပြီး ပြင်းပြင်းထန်ထန် လှုပ်လိုက်သည်။ဖိလိုက်သည်နှင့် အရွက်များ ကျိုးသွားကာ ဂေါ်ဖီထုပ် ပြုတ်ကျလာသည်။ ​လောင်ထန်း က အလျင်အမြန် လှမ်းအော်လိုက်သည်။

"အာ....၊ ကွဲသွားပြီ။ ငါ အား မသုံးဘူး​နော် အာ!"

ရှဲ့စန်း က ပြန်ယူလိုက်သည်။ "အဆင်ပြေပါတယ်။ ဂေါ်ဖီထုပ်က အရမ်း ကြွပ်ပြီး အပြင်ပိုင်း အရွက်တွေ က အများကြီး ပျက်ဆီး​နေတာ"

ဂေါ်ဖီထုပ် အမြစ်ကို ကိုင်ဖို့ သူ့လက်ကို သုံးလိုက်သည်။ သူ က အောက်ခြေ ကို ဆုပ်ကိုင်လိုက်ပြီး အလယ် က အရွက်မှ စကိုင်လိုက်သည်။ မကောင်းတဲ့ အရွက်တွေ ကို ဖယ်ထုတ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်။ အလွှာနှစ်လွှာ ဖယ်လိုက်ရပြီးနောက် တတိယအလွှာ က အပေါ်ယံတွင်သာ အစွန်းအထင်း​တွေ ရှိခဲ့သည်။

​လောင်ထန်း က သူ ညစ်ပတ်သွားမှာ ကို စိတ်မ၀င်စားဘဲ တစ်ချို့ကို လက်ထဲသို့ ဆုပ်ကိုင်ကာ ဂရုတစိုက်ကြည့်လိုက်သည်။ သူက လက်ညိုးအရွယ် အဖြူရောင် အပိုင်းအစ တစ်ခုကို ဆွဲကိုင်လိုက်ပြီး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now