6. လိင် အမျိုးအစား

6.3K 1.1K 9
                                    

မိုင်နဲ အစားအစာ​ကို တိတ်ဆိတ်စွာနဲ့ စားလိုက်ပြီး ရှဲ့စန်းကို ရှုပ်​ထွေး​နေတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်း​ထောင့်​​လေး ကော့တက်သွားပြီး " အဲ့ဒါက အရသာရှိတယ် ၊ ​ကျေးဇူးတင်ပါတယ် "

"မင်းကအရမ်း ကြင်နာတတ်တာပဲ" ရှဲ့စန်း ပြုံးပြီး​ပြောလိုက်တယ်။ မိုင်နဲ​ခေါင်း​ပေါ်က စွမ်းအင်တန်ဖိုးကို ကြည့်ပြီး "တကယ်လို့ မင်းကြိုက်တယ်ဆိုရင် ငါမင်းကို ​​နေ့တိုင်း ချက်​ပေးလို့ရတယ်"

တစ်​ယောက်ချင်းစီရဲ့ စွမ်းအင်တန်ဖိုးက ၁ က​နေ ၁၀ အထိရှိတယ်။ အနိမ့်ဆုံးတန်ဖိုးက စု​ဆောင်းဖို့လွယ်တယ် ။ သာလွန်တဲ့စွမ်းအင်ကို ရခြင်းနဲ့ ယှဥ်ရင် ​(ကျေးဇူးတင်စိတ်)စွမ်းအင် ၁၀ ဆိုတာ နည်းနည်း​လေးဖြစ်သည်၊ ဒါ​ပေမယ့် အခြား လူတစ်​ယောက် နှစ်​ယောက်နဲ့ထက်​တော့ များ​နေ​သေးတယ်။

အဲ့ဒါ​ကြောင့် ရှဲ့စန်းက မိုင်နဲကိုကြည့်ပြီး စိတ်လှုပ်ရှား​နေရတာ၊ မနက်နက်စာတစ်ကြိမ်ကို စွမ်းအင် ၂ခု သိမ်းဆည်းရမိတယ်။ ကိုယ်ပိုင်စွမ်းအင်က ​နေ့တိုင်း အသစ်ပြန်ဖြစ်တယ်၊ ​နောက်​နေ့ မနက်ဆိုရင် ၁၀ပြန်ဖြစ်သွားလိမ့်မယ်။

ရှဲ့စန်း မိုင်နဲကို ​မျှော်လင့်တကြီး ကြည့်လိုက်ပြီး စိတ်ထဲက​နေ တွက်ချက်​နေလိုက်တယ်။ တကယ်လို့ မနက်စာအတွက်နဲ့ ​​နေ့တိုင်း စွမ်းအင်၂ခု ရမယ်ဆိုရင် ငါးရက်ကြာရင် ပထမဆုံး အပင်တစ်ပင်ရလိမ့်မယ်။

မိုင်နဲ သူ့ကို အံ့သြစွာကြည့်လိုက်သည်၊ မျက်လွှာချပြီး ပြန်​ပြောလိုက်တာက "မလိုဘူး"။ ပြီး​နောက် မျက်လုံးပြန်ဖွင့်ပြီး​ ပြင်းထန်စွာနဲ့ စူးစိုက်ကြည့်လိုက်တယ်။

"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ရှဲ့စန်း သူ့စရိုက်​ပြောင်းသွားတာ ကြည့်ပြီး အံ့သြသွားတယ်၊ သူက အခုချက်ချင်းပဲ ချော​မောတဲ့မင်းသား​လေးစီက စစိ​ဆေး​မေးမြန်းခြင်းခံ​နေရတဲ့ သူရဲ​ကောင်းအဖြစ်​ ပြောင်းလဲ သွားတယ်လို့ ခံစားလိုက်ရတယ်၊ သိသိသာသာကို တစ်ဖက်လူက သူနဲ့အသက်တူပြီး ကြည့်​ကောင်း​နေ​ပေမယ့် ရှင်းပြလို့မရတာက အလွန်ဖိနှိပ်ခြင်းခံရတယ်လို့ ခံစားလိုက်ရတယ်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now