Chapter 53 : သတိ​ပေးခြင်း

5.6K 966 37
                                    

Chapter 53 : သတိ​ပေးခြင်း

မိုင်နဲ က ဘောင်းဘီတိုနဲ့ တီရှပ်ကိုသာ ဝတ်လေ့ရှိသော်လည်း ဒီ​နွေမှာ​တော့ အစည်းအဝေးကြောင့် ဝတ်စုံနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ခဲ့သည်။ ရှဲ့စန်း ကို လာ​ကြိုဖို့ ထွက်ခဲ့​တော့ သူ့ဝတ်စုံရဲ့ ကုတ်အင်္ကျီကို ချွတ်ခဲ့လိုက်တယ်။ သူ့အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ကြယ်သီး ဖြုတ်ထားသောကြောင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ညှပ်ရိုး က ​ပေါ်​နေကာ၊ လှပပြီး အလွန်ကို ထင်ရှား​နေသည်။

ဒါ​ပေမယ့် အခုအချိန်တွင် သူ့မျက်နှာ က အလွန် ကြည့်ရဆိုးနေပြီး ဂျူလော့စ်ကို စိုက်ကြည့်​နေတဲ့ သူ့အကြည့်များ က နက်မှောင်နေသည်။ သူ့ဘက်သို့ လှည့်လာသော ဓားကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူ ဘေးသို့ ခပ်သွက်သွက် ရွေ့သွားပြီး ဂျူလော့စ်ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ ထို့နောက် သူက ဂျူလော့စ်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ကာ ဂျူလော့စ်ရဲ့နံရိုးကို ကန်လိုက်သည်။

ဂျူလော့စ်ရဲ့ ဒူး​တွေ ကွေးသွားကာ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ သူ က မိုင်နဲရဲ့ လက်ကောက်ဝတ်ကို ဖိကာ မိုင်နဲရဲ့ တိုက်ခိုက်မှုကို ရှောင်ရန် ဘေးသို့ ခုန်လိုက်ပြီး ဓားကို မိုင်နဲ ဆီ ဦးတည်လိုက်သည်။

ရှဲ့စန်း လန့်သွားသော်လည်း မိုင်နဲ ကို အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် မအော်နိုင်ခဲ့ပေ။ သူ ဒီနှစ်​ယောက် ကို စိုက်ကြည့်ရင်း အံ့သြမှု အရိပ်အယောင်များ မျက်လုံးတွင် တောက်ပလာသည်။ ၁၀ရက်အတွင်းမှာ ဂျူ​လော့စ်ရဲ့ စွမ်းရည်တွေ အများကြီး တိုးတက်လာလိမ့်မယ် လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဂျူ​လော့စ်ရဲ့ အရင် ကျွမ်းကျင်မှုနဲ့ ဆိုရင် မရှောင်လွှဲနိုင်ပေ။

ဂျူလော့စ်ရဲ့ လက်ကောက်ဝတ်ကို လွှတ်လိုက်တဲ့အခါ မိုင်နဲရဲ့ မျက်လုံးများ အေးစက်သွားကာ ဂျူလော့စ်ရဲ့ ဓားကိုရှောင်ရန် ဘယ်ဘက်ခြေ​ထောက် ကို ရွှေ့လိုက်သည်။ ဂျူလော့စ် က လက်ကောက်ဝတ်ကို လှည့်လိုက်သဖြင့် ဓားက သူ့အနောက်သို့ ပြန်ပါသွားသည်။ မိုင်နဲ က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ညာဘက်သို့ အမြန်ရွှေ့ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ က ဂျူ​​လော့စ်ရဲ့ ညာလက်ကို သူ့ဘယ်ဘက်လက်နဲ့ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့ရဲ့ ညာဘက်လက်နဲ့ ရိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဘယ်ဘက်လက် ကိုအားသုံးပြီး အောက်သို့အတင်း ဆွဲချခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now