Chapter 21

5.9K 1.1K 17
                                    

                    21. လျှို့ဝှက်ချက်

ချီ​ရှောက်သည် ရှဲ့စန်းက အရမ်း ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်၊ ဆက်နွယ်သားရဲကို ​ရေချိုး​ပေးပြီးတာနဲ့ ရုတ်တရက်ကြီး ရေကူးဖို့ ​ရေထဲခုန်ချသွားခဲ့သည်၊ သူ ခဏ​လောက်ရပ်ကာ ကြည့်​နေခဲ့ပြီး မကြာခင်မှာပဲ တစ်ခုခုမှား​နေတာ ​တွေ့လိုက်ရသည်၊ ​ရေကန်က ကြည်လင်​နေကာ ရေက ၂မီတာ​​လောက် အနက်ရှိပြီး ​အောက်​ခြေကို မြင်​နေရသည်၊ ​ရေကူးမယ်လို့ သူထင်လိုက်တဲ့လူရဲ့ ​ခြေလက်​တွေက ပုံမှန်နဲ့မတူပဲ ယက်ကန်ယက်ကန် ဖြစ်​နေသည်၊ ​ရေကူးတာ မဟုတ်ပဲ ​ရေကန်​အောက်​ခြေကို ဖြည်းဖြည်းချင်း နစ်သွားခဲ့သည်

ချီ​ရှောက် မျက်နှာ​ပျက်သွားပြီး ဝုန်းခနဲ ​ရေကန်ထဲသို့ ခုန်ချလိုက်သည်၊ နှစ်ကြိမ် သုံးကြိမ်​လောက်ကူးပြီးတာနဲ့ ရှဲ့စန်း​ဘေးနား​ရောက်သွားခဲ့ပြီး သတိလစ်​နေတဲ့ ရှဲ့စန်းကို ​ရေ​ထဲက​နေ ဆွဲ​ခေါ်ခဲ့ရသည်

ရှဲ့စန်း နိုးလာကာ မျက်လုံးဖွင့်ကြည့်လိုက်​တော့ အဖြူ​ရောင် မျက်နှာကျက်ကို မြင်လိုက်ရပြီး သူ့နှာ​ခေါင်းထဲ ပိုးသတ်​ဆေးနံ့ ရလိုက်သည်၊ ​ခေါင်း​ထောင်ကြည့်လိုက်​တော့ အိပ်ရာ​ဘေးက ခုံမှာ မိုင်နဲထိုင်​နေတာ ​တွေ့လိုက်ရသည်

မိုင်နဲလက်တစ်ဖက်က မေး​စေ့ကို လက်​ထောက်ထား​ပေမယ့် သူနိုးလာတာ​တွေ့လိုက်​တော့ လက်​ချော်သွားပြီး ​ရှေ့တိုးကာ ​မေးလာခဲ့သည်

" ဘယ်လို​နေ​သေးလဲ "

ရှဲ့စန်းထိုင်လိုက်ပြီး ​ဘေးနားက နံရံအဖြူ​​ရောင်တွေကို ကြည့်ကာ

" ငါ အဆင်​ပြေပါတယ်၊ ဒါက ​ဆေးရုံမှာလား"

မိုင်နဲ ​ခေါင်းညိတ်လိုက်သည်  " မင်း မ​နေ့က သတိလစ်သွားခဲ့ပြီး အိပ်​နေတာ ရှစ်နာရီ​ကြာ​နေပြီ"

ရှဲ့စန်း နာရီကြည့်လိုက်​တော့ ​နောက်​နေ့မနက် ၆နာရီရှိ​နေပြီ ဖြစ်သည်၊ ရှဲ့စန်း သူ​ရေထဲပြုတ်ကျသွားတာ မှတ်မိသွား​တော့ သူ့နဖူးသူ ပွတ်လိုက်သည်၊ ချီ​ရှောက်က​တော့ သူ့ကို အရူးလို့ ထင်သွားလိမ့်မည်၊ သူ ကုတင်​ပေါ်က​စောင်ကို ဖယ်လိုက်ပြီး သူ့ဖိနပ် သူစီးကာ မိုင်နဲကို ​မေးလိုက်သည်

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now