Chapter 105: အ​လျော်​ပေးခြင်း

4.4K 738 10
                                    

Chapter 105: အ​လျော်​ပေးခြင်း

Starnetတွင် ရှဲ့စန်းရဲ့ ဆက်နွယ်အပင်​တွေ အကြောင်း ဆွေးနွေးမှု​တွေ၊ အံ့အားသင့်​နေမှု​တွေနဲ့ ပြည့်နေခဲ့သည်။ ဒီသတင်း ကို စစ်တပ်က ထိန်းချုပ်ဖို့ ရောက်လာပေမယ့် ဒီရက်ပိုင်းအတွင်း အာရုံပြောင်းဖို့ နာမည်ကြီးတဲ့ သတင်းတွေ က မထွက်သေးတဲ့အတွက် ခေါင်းစဉ်က နာမည်ကြီး​နေဆဲဖြစ်သည်။ အထူးသဖြင့် အပင်​တွေနဲ့ ဆက်နွယ်တဲ့ ​အ​​ကြောင်း ဆွေးနွေးမှု ကို အကြိတ်အနယ် ​ဆွေး​နွေး​နေကြသည်။

ရှဲ့စန်း က သူ့အိမ်တွင်သာ ​နေ​နေပြီး လုံးဝ ထိခိုက်ခြင်း မရှိ​ပေ။ ချီ​ရှောက် က သူပြောတဲ့ အတိုင်း လုပ်​ပေးသည်။ လုံခြုံရေး ကိရိယာ​တွေ တပ်ဆင်ဖို့ သူ့လူ​တွေကို ခေါ်ဆောင်ပြီးနောက် ဘယ်သူမှ သူ့နောက်ကို လိုက်မလာတော့ပေ။ စစ်ဘက်ဆိုင်ရာ ဌာနရဲ့ ကိရိယာ​တွေ က ခြံစည်းရိုး တစ်ဝိုက်တွင်သာမက အရမ်း အဆင့်မြင့်တဲ့ အကာအကွယ်​တွေ က ​လေထဲ၌ပါ ရှိ​နေသည်။ခြံစည်းရိုး တစ်ဝိုက် က ထုတ်လွှတ်တဲ့ ရောင်ခြည်​တွေ က အိမ်တစ်ခုလုံး ကို ဖုံးအုပ်ထားပြီး ကြီးမားတဲ့ စက်ဝိုင်းပုံ အမိုးတစ်ခု ဖြစ်ပေါ်လာသည်။

ခွင့်ပြုထားတဲ့ လွန်းပျံယာဉ်နဲ့ ပျံသန်းနိုင်တဲ့ သားရဲ​တွေ အပြင်၊ ထိုကောင်းကင်ယံ ဧရိယာအတွင်း ပျံသန်းနိုင်တဲ့ ယာဉ် ဒါမှမဟုတ် သားရဲ​တွေ ဖြတ်သွားရင် သတိပေးချက် တစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။ လုံခြုံရေးအတွက် အထူး သတိပေးချက် ကို စစ်တပ်၊ ရှဲ့စန်း နဲ့ မိုင်နဲရဲ့ လက်ပတ်​တွေနဲ့ ချိတ်ဆက်ထားသည်။

၂၈ရက် နေ့လယ်တွင် ရှဲ့စန်း က ပါးပါးပိုင် ပို့​ပေးတဲ့လိပ်စာအတိုင်း သားရဲ​တွေ ကို ခွဲစိတ်ကုသမည့် ဆေးရုံသို့ သွားကာ သားရဲ​တွေနဲ့ ချောမွေ့စွာ ဆက်သွယ်နိုင်ရန် ထွမ်းထွမ်း ကို ခေါ်သွားခဲ့သည်။

ဒီ​နေ့ က သားရဲ​တွေ အတွက် ပထမဆုံး ခွဲစိတ်မှုဖြစ်ပြီး၊ ဝက်ဝံကြီး က မနက်ပိုင်းတွင် ​ခေါ်သွားခံခဲ့ရသည်။ ကျန်သားရဲ​တွေ က အဲဒီ့ အခြေအနေရဲ့ ဒဏ်ကို ခံခဲ့ရပြီး ရှဲ့စန်း အိမ်က မထွက်ခင် သူတို့အား ငြိမ်​အောင် လုပ်​ပေးခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now