Chapter 99: အ​လောင်း ​ဖျောက်ခြင်း

4.5K 777 9
                                    

Chapter 99: အ​လောင်း ​ဖျောက်ခြင်း

ရှဲ့စန်း 'ခွေးကောင် ' ဆိုတာ ကြားတော့ သူ့နှုတ်ခမ်းထောင့်များ လှုပ်သွားသည်။ ကျားသစ်နက်ကြီး လိုမျိုးပဲ ထွမ်းထွမ်းသည်လည်း တီဗီ အလွန်အကျွံ ကြည့်ခြင်းရဲ့  နောက်ဆက်တွဲ ဆိုးကျိုးရှိသည်။ အချို့ ရှိုးပွဲတွေ ကို ကြည့်ရှုတာ တားမြစ်ဖို့ အချိန်တန်လာပြီလား ဟု အလေးအနက် စဉ်းစားလာခဲ့မိသည်။

ဒါပေမယ့် ထွမ်းထွမ်းရဲ့ စကားတွေ ပြောပြီးသွားတော့ ရှဲ့စန်းရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူ့သွားတွေကို အံကြိတ်ထားလိုက်သည်။ ဒါ မီယာ ဖြစ်နေပြန်ပြီ!!!

မိုင်နဲရဲ့ မျက်ခုံး ပင့်သွားပြီး ကျောင်းဟောင် က ရှဲ့စန်းရဲ့ အရည်အချင်းတွေ ကို ရှင်းလင်းစွာ သိထားတာကြောင့်  ရှောင်လွှဲခြင်း မရှိဘဲ သူကို့ တိုက်ရိုက် မေးလိုက်သည်။

"ထွမ်းထွမ်း ဘာပြောလဲ?"

ရှဲ့စန်း က သူ့ကို ကြည့်ရင်း ခဏလောက် တုံ့ဆိုင်းနေပြီး "လွတ်သွားတဲ့သူတွေ ကို သူတွေ့ခဲ့ပြီ၊ သူတို့က ဒုတိယဗိုလ်ချုပ်ကြီး ကော့စ် ကို ဆက်သွယ်နေတယ် လို့ ပြောတယ်''

မိုင်နဲ က မတုန်မလှုပ်ကြည့်ကာ "ဒါက သူ့ပုံစံနဲ့ တကယ်လိုက်ဖက်တယ်၊ ဒီလိုမျိုးက....." သူက ကျောင်းဟောင်  ကို ကြည့်လိုက်သည်။ "ခင်ဗျား သူ့ကို ဆန့်ကျင်ပြီး  အရေးယူနိုင်တာ သေချာလား"

ကျောင်းဟောင် က ဖြောင့်မတ်ပြီး လေးနက်သည်။ 

“ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဥပဒေကို ချိုးဖောက်ရင် ဥပဒေနဲ့အညီ အပြစ်ပေးခံရမှာပါ” သူက ထွမ်းထွမ်း ကို ကြည့်လိုက်သည်။ "သူတို့ ဘယ်မှာလဲ?"

ထွမ်းထွမ်း က တောင်ပံတွေ ကို ဝှေ့ယမ်းကာ အရှေ့သို့ အနည်းငယ် ပျံသန်းသွားခဲ့သည်။ ကျောင်းဟောင် က သူ့လူတွေ ကို ဆက်သွယ်ပြီး ၄ယောက် ကို ခေါ်သွားကာ ကျန်တယောက် က အနောက်မှာ ကျန်ရစ်ခဲ့သည်။ ရှဲ့စန်းကလည်း သွားဖို့ အဆင်သင့်ဖြစ်ပေမဲ့ ထွမ်းထွမ်း  က တားလိုက်သည်။

{“အားစန်း၊ မင်း အနားယူဖို့ လိုတယ်”} ဟု ထွမ်းထွမ်း ကဆိုလာသည်။ {"ကျွန်​တော် ရိုင်နိုရဲ့ သားရဲသခင် ကို ခေါ်သွားလိုက်မယ် လူဆိုး က ၄ယောက်ပဲရှိတယ်"}

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now