36.2

5.7K 1K 33
                                    

မကြာခင်မှာပဲ အရပ်ရှည်တဲ့ ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးကို အိမ်​တော်ထိန်းက စာဖတ်ခန်းထဲ ခေါ်လာခဲ့သည်။ ထိုလူသည် ရုပ်ချောပြီး ဆိုရီယာနှင့် အနည်းငယ် ဆင်ကာ ဟန်ကျန်းအား စစ်ရေး အရ အလေးပြုသည်။

 "ရေတပ်ဗိုလ်ချုပ်"

ဟန်ကျန်း မျက်နှာချင်းဆိုင် က ထိုင်ခုံကို ညွှန်ပြလိုက်သည်။ 

“ထိုင်ပါ၊ ဒါက သီးသန့်ကိစ္စပါ”

ဆိုကိုတိုသည် မေးရိုးကို မသိစိတ်​ကြောင့် တင်းကျပ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

ဟန်ကျန်း က သူ့ကို အနီးကပ် စိုက်ကြည့်နေလိုက်သည်။ 

"မင်းကိုယ်တိုင် မိုင်နဲကို အရင်​​နေရာက​နေ ပြန်​​ခေါ်ခဲ့တာ ဟုတ်​တယ်​မလား?"

“ဟုတ်ကဲ့”

ဟန်ကျန်း က “နောက် ဂျူ​လော့စ် မွေးလာခဲ့ပြီး တခြားသူတွေက သူ့ကို မကြိုက်ဘူး။ ညီအစ်ကို နှစ်ယောက်ကြား ကွာဟချက်ရှိမှာကို စိုးရိမ်ပြီး ငါ က သူ့ကို အပြင်မှာ တစ်ယောက်တည်း ​နေခွင့်ပြုလိုက်တာ၊ သူက မင်းကို ယုံကြည်တဲ့အတွက် သူ့ကို စောင့်ကြည့်ဖို့ မင်းကို တာဝန်ပေးရထားရတာ ငါ့အတွက် အဆင်ပြေတယ်"

 ဟန်ကျန်း က သူ့ကို လှောင်ပြောင်လိုက်သည်။ "မင်းရဲ့အဖြေက သူက တော်ရုံတန်ရုံပဲ အရည်အချင်းရှိတယ်။ ဒါပေမယ့် ဂျူ​လော့စ် ရဲ့ မကောင်းမှုတွေကြားက ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တယ်။ မင်းငါ့ကို ပေးမယ့် အဖြေရှိသေးလား?" 

သူ့အသံကို မြှင့်လိုက်ပြီး "ဘာကို တော်ရုံတန်ရုံ အရည်အချင်းရှိတာလဲ!"

ဆိုကိုတို၏ နဖူးပေါ်တွင် ချွေးများ ထွက်လာသည်။

 "ရေတပ်ဗိုလ်ချုပ်၊ အဲဒါက ကျွန်တော့်ဘက်က တတ်နိုင်တာ ထက် ​ကျော်သွားပြီ"

"ဒါက တတ်နိုင်တာကို ​ကျော်သွားတာ မဟုတ်ဘူး၊ အစီရင်ခံဖို့ တမင်ပျက်ကွက်တာ!" ဟန်ကျန်းက အသံနက်ကြီးဖြင့် ပြောသည်။ 

“မင်း သူ့အပေါ်မှာ တည်နေရာ ခြေရာခံစက် တပ်​ပေးထားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက မြို့ပြင်မှာ သူတစ်ယောက်တည်း အမဲလိုက်နေတာကို မင်းမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now