Chapter 36.1 Network တစ်ခုလုံး ဆဲဆိုကြခြင်း

5.3K 995 18
                                    

Chapter 36 : Network တစ်ခုလုံး ဆဲဆိုကြခြင်း

ရှဲ့စန်း မိုင်နဲ၏ တုံ့ပြန်မှု ရပြီး​နောက် 'အသေးစိတ်' ဟူ​သော နာမည်ဝှက်ကိုယူကာ မိုင်နဲနှင့် ​လောင်ထန်း ကူညီပေးခဲ့သည့်အ​ကြောင်း၊ ဂျူလော့စ်သည် မိုင်နဲကို အဆိပ်ရှိသော ဓားမြှောင်ဖြင့် တိုက်ခိုက်ရန် အခွင့်အရေး အရယူခဲ့သည့်အ​ကြောင်း ကွက်ကွက်ကွင်းကွင်း မြင်​အောင် ​ရေးကာ ​ဖော်ပြလိုက်သည်။ စာရိုက်ပြီးသောအခါ နောက်ဆုံးတွင် စာ​ရေးလိုက်သည်။

[ဤမျှ​လောက် ပြောင်မြောက်ပြီး ကျေးဇူးကန်းသည့်လူကို တစ်ခါမျှ မတွေ့ဖူးသေးပါ]

ရေးပြီးသောအခါ ပြဿနာမရှိကြောင်း သေချာ​အောင် စစ်​ဆေးကာ မိုင်နဲကို ပေး၍ ဖတ်ခိုင်းလိုက်ပြီး postတင်လိုက်သည်။

[ဖော်ပြချက်က အရမ်း အသေးစိတ်တယ် ၊ ယုံကြည်စိတ်ချလို့ ရတယ်လို့ ခံစားရတယ်]

[ 'အသေးစိတ်' က မျက်မြင်သက်သေလား? ဒီဖော်ပြချက်အရ ဆိုရင် အဖွဲ့နှစ်ဖွဲ့ပဲ ရှိတယ်၊ မိုင်နဲအဖွဲ့နဲ့ ဂျူလော့စ်အသင်း၊ မင်းက ဘယ်ဘက် က တစ်ယောက်လဲ?]

[Aaaahhh မိုင်နဲ က အရမ်းမိုက်တယ်... သဘောကျလိုက်တာ!]

ရှဲ့စန်းရဲ့လက်က ဖန်သားပြင်ကိုရပ်ပြီး လှည့်ကြည့်လိုက်သည်။ မိုင်နဲ ​မော့ကြည့်လိုက်​တော့ ရှဲ့စန်း က သူတစ်ခါမှ မမြင်ဘူးတဲ့ အမူအရာနဲ့ သူ့ကို လှည့်ကြည့်​နေတာ တွေ့လိုက်ရသည်။

"ဘာမှား​နေလို့လဲ"

ရှဲ့စန်း စကားလုံး​တွေကို ညွှန်ပြကာ ပြုံးပြီး ​နောက်လိုက်သည်။

"မင်း က အရမ်း ဆွဲ​ဆောင်မှု ရှိတာပဲ"

မိုင်နဲ သူ့ကို စိုက်ကြည့်လိုက်ပြီး " မင်း​ရော အဲဒီလို ထင်လား"

သူ့အမူအရာက အရမ်း ကို အာရုံစူးစိုက်နေပြီး သူ့မျက်လုံးတွေက ပြင်းထန်လွန်းတာကြောင့် ရှဲ့စန်း နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားကာ နှစ်ခါ​လောက် ရယ်လိုက်သည်။

"​သေချာတာ​ပေါ့၊ မင်းက ချောတယ်၊ တိုက်ခိုက်နိုင်တယ်၊ ပြီး​တော့ မင်းက အရမ်းဆွဲဆောင်မှုရှိတယ်!"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now