Chapter 42 : ပြင်ဆင်ခြင်း

5.7K 1K 26
                                    

Chapter 42 : ပြင်ဆင်ခြင်း

ပုံမှန်မဟုတ်တဲ့ သစ်တော ​ပေါ်လာချိန်နှင့် တည်နေရာသည် တိုက်ဆိုင်လွန်းသည် ဟု ရှဲ့စန်း ခံစားရသော်လည်း အနီရောင် စွမ်းအင်နှင့် ပတ်သက်သည် ဖြစ်စေ၊ မသက်ဆိုင်သည် ဖြစ်စေ သူ ထိုနေရာကို သွားရမည် ဖြစ်သည်။ မိုင်နဲ ကို သူ မေးလိုက်သည်။

"ဘယ်​သွားမှာလဲ? ငါ မင်းနဲ့လိုက်ခဲ့မယ်"

မိုင်နဲ က မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ 

“မလိုက်ရဘူး၊ တောထဲ ရောက်လေလေ အန္တရာယ်များလေလေပဲ၊ မင်း မသွားနိုင်ဘူး" ကလေးတစ်ယောက် ကို ​ပြောသလိုမျိုး ခဏရပ်ပြီး “ငါ တတ်နိုင်သလောက် မြန်မြန် ပြန်လာမှာပါ” ဟု ထပ်ပြောသည်။

ရှဲ့စန်း သူ့လက် ကို ဖြန့်ပြလိုက်သည်။ "ငါ သွားမှ ဖြစ်မယ်၊ မင်းနဲ့ ဖြစ်ဖြစ် ငါကိုယ်တိုင်ပဲ ဖြစ်ဖြစ်" ညာဘက်ပခုံးကို ညွှန်ပြလိုက်သည်။

 "အရင်က ငါ ရှာနေတာတွေ​လေ၊ အခု​တော့ အာရုံခံလို့ရပြီ၊ သစ်တော အရှေ့ဘက်ခြမ်း က အန္တရာယ်ဇုန်ထဲမှာ ရောက်နေတာ"

မိုင်နဲ မျက်​ခုံးကို အနည်းငယ်​ ကျုံ့လိုက်ပြီး 

"အဲဒီ အနှောက်အယှက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်လို့ရမလား?"

"မသိဘူး" ရှဲ့စန်း မီးဖိုချောင်ဘက်သို့ လျှောက်လာရင်း ပြောလိုက်သည်။ "ငါ ညစာ ချက်လိုက်ဦးမယ်၊ နောက်မှ ဆက်ပြီး စကားပြောမယ်"

မိုင်နဲ က သူ့နောက်က​နေ မီးဖိုချောင်ထဲကို လိုက်သွားသည်။

 "ငါလည်း ကူညီမယ်​လေ"

ရှဲ့စန်း ပြုံးလိုက်သည်။ သူ နေကောင်းနေတယ် ဆိုတာ သူသိတဲ့ အတွက် မတား​တော့​ပေ။ တောထဲသွားဖို့ တွေးလိုက်တော့ နည်းနည်းတော့ စိတ်ပူသွားသည်။ 

“မြို့အပြင်ထက် ကီလိုမီတာ ၆၀၀ ဒါမှမဟုတ် ၇၀၀ လောက် ဝေးတယ်။ အန္တရာယ်ဇုန်ကို အမြန်ရောက်ဖို့ နည်းလမ်းရှိလား?”

“ မင်း သွားချင်တဲ့​နေရာ​ ရောက်ဖို့ ကောင်းကင်ကနေ ပျံသန်းနိုင်တဲ့ယာဥ် ကို ငှားလို့ရတယ်၊ ငှားပြီး​တော့ မြေပြင်ပေါ် ဆင်းဖို့ ဆွဲချလို့ရတဲ့ လှေကားနဲ့ ဆင်းရမယ်။ ဒါ အမြန်ဆုံး နည်းလမ်းပဲ၊ ဒါပေမယ့် အဲဒါ က အန္တရာယ်ရှိလိမ့်မယ်”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now