Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း

4.6K 753 7
                                    

Chapter 101: ဝန်ထမ်း ခေါ်ယူခြင်း

သတင်း မီဒီယာတွေအတွက်တော့ မကြာသေးခင် က လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ပွဲကြီးတစ်ပွဲ ရှိခဲ့ပြီး ခေါင်းကြီးပိုင်းတွေ မထပ်ဖို့ နေ့တိုင်း အလုအယက် တင်နေကြသည်။

ရက်အနည်းငယ် အနားယူပြီးနောက် လင်းယုန်ငှက် က အရမ်း ကောင်းမွန်စွာနဲ့ ပြန်လည် ကောင်းမွန်လာခဲ့သည်။ လမ်းလျှောက်လိုက်တဲ့အခါ အတောင်ပံတွေ ကို ချထားပြီး မပျံသန်းနိုင်သေး​ပေ။ လမ်းလျှောက်လို့ ရတာနဲ့ ဓါတ်ခွဲခန်း က သားရဲ​တွေဆီ ချက်ချင်း သွားလည်ခဲ့သည်။ သူတို့ကို လှောင်အိမ်ထဲမှာ သူတွေ့လိုက်တဲ့ အချိန် သူ့ရဲ့ ခံစားချက် က ချက်ချင်း ပြောင်းလဲသွားသည်။

နှိုင်းစရာ သားရဲမရှိ​​တော့ သူ ပြုံး​တောင် မပြုံးနိုင်ခဲ့​ပေ။

သားရဲတွေလည်း ပိုတည်ငြိမ်လာသည်။ စိတ်ငြိမ်ဆေး မရှိသည့်တိုင် သူတို့သည် အော်ဟစ်ပြီး စိတ်လွတ်​နေတာမျိုး မရှိကြ​တော့ပေ။ လင်းယုန်ငှက်ရဲ့ နှလုံးသားထဲမှာ ဘာတွေဖြစ်နေလဲ သူတို့ မသိပေမယ့် လမ်းလျှောက်နိုင်လို့ ဝမ်းသာအားရနဲ့ အကြောင်းအရာတွေ အများကြီး ပြောဖြစ်ကြသည်။

သူတို့က မတူညီတဲ့ နေရာများမှ လာခဲ့ကြပြီး မတူညီတဲ့ အရာ​တွေ ကို မြင်​တွေ့၊ ကြားသိခဲ့ကြတာကြောင့် ရှဲ့စန်း က စိတ်ဝင်တစား နားထောင်နေခဲ့သည်။

သားရဲသခင်​တွေ က သူတို့ရဲ့ ဆက်နွယ်သားရဲ​တွေ ကို အခါအားလျော်စွာ သူတို့ထံ ခေါ်ဆောင်လာတာကြောင့် သားရဲ​တွေ ​နေသည့် နေရာ က နေ့စဉ်နှင့်အမျှ အလွန်တက်ကြွနေသည်။ ရှဲ့စန်း က ထိုင်ခုံပေါ်တွင် ထိုင်၍ အသီးအနှံစားကာ သူတို့ ကစားနေသည်ကို ကြည့်ရုံမှတပါး ဘာမှလုပ်စရာမရှိပေ။

ဒီနေ့ သူ အေးအေး ဆေးဆေး ထိုင်ပြီး အနားယူနေတုန်း မာချွင်ဆီက ဆက်သွယ်မှု ရရှိခဲ့သည်။

"အားစန်း၊ ငရုတ်ပျိုးပင်တွေ အဆင်သင့် ဖြစ်နေပြီ" ဟု လှမ်းပြောလာသည်။ ''ငါ့ဆီ လာယူမယ့်လူ ရှိလား၊ ဒါမှမဟုတ် မင်းဆီ ပို့ပေးလိုက်ရမလား"

ရှဲ့စန်း အချိန်ကို တွက်ကြည့်လိုက်သည်။ ငရုတ်စေ့တွေကို မာချွင် ကို ပေးလိုက်ချိန်ကနေ အခုအချိန်အထိ ဆိုရင် သူ့မြေကွက်တွေ ပြီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။သူ့ကိုယ်သူ မတ်တတ်ရပ်ဖို့ လက်ကို ထောက်ပြီး ထလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now