Chapter 67 : ဖမ်းဆီးခြင်း

5.2K 859 10
                                    

Chapter 67 : ဖမ်းဆီးခြင်း

ဇုန် 4-5 တွင် စောင့်ကြည့်ရေး ပြဿနာ ရှိနေကြောင်း စွင်း​မောင်း သိလိုက်ရတဲ့ အချိန်တွင် သူရဲ့ မျက်နှာ ကချက်ချင်း ပြောင်းလဲသွားပြီး ရှဲ့စန်းကို အလျင်အမြန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။ ဒုက္ခရောက်နေတာ ကို မြင်တော့ ဇုန် 4-5 ဆီကို ပြေးသွားကြည့်ရာ ဆိုရီယာ က ကြမ်းပြင်ပေါ်မှာ သတိလစ်နေတာကို တွေ့လိုက်သည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။ မိုင်နဲ နဲ့ ​ကော့စ်မိသားစုကြား က ပဋိပက္ခအကြောင်း သူ သိသည်။ ရှဲ့စန်း က မိုင်နဲရဲ့ ချစ်သူဖြစ်ပြီး အခု ဆိုရီယာ က ရုတ်တရက် ဒီနေရာတွင် ပေါ်လာသည်။ ဘယ်လောက်ပဲ ဆိုးနေပါစေ သူ အခု သတိလစ်​နေသည်။ လူနာတင်ကားခေါ်ပြီး ဇုန် 4-5 ကို ဆက်သွားလိုက်သည်။ ဆက်နွယ်သားရဲ​တွေ အားလုံး က ပုံမှန်ဖြစ်​နေသော်လည်း ရှဲ့စန်း မရှိတော့ဘဲ တံခါးအပြင်ဘက်ရှိ လင်းယုန်ငှက်ရဲ့ အစာကလည်း မစားရ​သေး​ပေ

"ဒီနေ့ လင်းယုန်ငှက် အစာမစားဘူးလား" သူက မေးလိုက်သည်။

အစောင့် က ထူးဆန်းတဲ့ အမူအရာဖြင့် ခေါင်းညိတ်သည်။ "နေ့တိုင်း အချိန်မှန်ပါပဲ။ ဒီနေ့ ဘာဖြစ်လို့ မလာတာလဲ မသိဘူး။ သူ့ဘာသာသူ အမဲလိုက်သွားတာလည်း ဖြစ်နိုင်တယ်"

စွင်း​မောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ ဘာတွေဖြစ်နေတာလဲ နားမလည်​ပေ။ သူ ဇုန်မှ ထွက်ခွာပြီး လုပ်ဖော်ကိုင်ဖက်များ အား ရှဲ့စန်း ကို တွေ့တာ ရှိ၊မရှိ မေးမြန်းရန် အဖွဲ့လိုက် မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။အားလုံး က သူ့ကို မ​တွေ့မိကြ​ကြောင်း စာပြန်လာကြသည်။

တစ်ခုခု မှားနေပြီ ဆိုတာ သူသိသွားပြီး မိုင်နဲရဲ့ ဆက်သွယ်​ရေးစက် ကို ဖုန်းခေါ်လိုက်သည်။ မိုင်နဲ က အလျင်အမြန် ကောက်ကိုင်လိုက်ပြီး သူပြောတာ မစောင့်ဘဲ

"အားစန်းကို ​ခေါ်သွားကြပြီ။ မင်းရဲ့ စောင့်ကြည့်မှု ကို စစ်ဆေးပေးပါ၊ ဘယ်သူလုပ်တယ် ဆိုတာ ငါ သိဖို့လိုတယ်"

စွင်း​မောင်း က "စိတ်မကောင်းပါဘူး၊ ဇုန် 4-5 အနား က စောင့်ကြည့်ရေးမှာ ပြဿနာရှိနေတယ်။ ငါ နောက်မှတံခါး က စောင့်ကြည့်​ရေး ကို ယူလိုက်မယ်... ဇုန် 4-5 နဲ့ သိပ်မဝေးတဲ့ ​နေရာမှာ သတိလစ်နေတဲ့ ဆိုရီယာ ကို တွေ့လိုက်ရတယ်"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now