Chapter 96: ပြန်ယူခြင်း

4.2K 773 8
                                    

Chapter 96: ပြန်ယူခြင်း

ချန်ကျွင်း က လျော်ကြေးငွေ အကြောင်း ပြောပြီး​တော့ သူက အေးစက်စွာ အော်ဟစ်၍ ရုံးခန်းထဲမှ ထွက်သွားကာ သူ့အနောက်ဘက် က တံခါးကို ပိတ်ပစ်လိုက်သည်။

ရှဲ့စန်း ပါးစပ် မဲ့ကျသွားသည်။ ချန်ကျွင်းရဲ့ တုံ့ပြန်မှုကို ​သေချာ ကြည့်ရင် လည်ဆွဲကို ငြိမ်းချမ်းတဲ့ နည်းလမ်းဖြင့် ရယူရန် မဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။ အက်ဒမ်ရဲ့ စကားကို ကြား​တော့ ဝမ်းသာအားရနှင့်

( “​ဖြေရှင်းချက် က ဘာလဲ” )လို့ မေးလိုက်သည်။

အက်ဒမ် က ("ချန်ကျွင်း မှာ ရေစွမ်းအင် ရှိ​နေတယ်၊ အဲဒါကြောင့် မိုင်နဲ က သူ့ကို အနိုင် မယူနိုင်ဘူး။ ဒါပေမယ့် စွမ်းအင်အချို့ ကို ခွဲထုတ်ပြီး မိုင်နဲ က ဝတ်လိုက်ရင် သူ့ကို ငါတို့ အနိုင်ယူလိုက်နိုင်မယ် မလား”

အကျိုးအကြောင်း ဆီလျော်သည် ဟု ထင်ရသော်လည်း ရှဲ့စန်း က ("မင်းရဲ့ စွမ်းအင်တွေကို ခွဲထုတ်နိုင်တာလား?")

(“ရ​တာ​ပေါ့။ ငါ သူတို့ကို ထိန်းချုပ်နိုင်တယ်၊ အဲဒါကြောင့် သူတို့ကို လွှတ်နိုင်တယ်၊ စုပ်နိုင်တယ်")

ရှဲ့စန်း စွမ်းအင်ရဲ့ သက်ရောက်မှု​တွေ ကို တွေးတောမိ​တော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

မာချွင်ရဲ့ အမူအရာ က ကောင်းမွန်ခြင်း မရှိပေ။ 

“ဒုဥက္ကဌ ချန်က ပိုပိုပြီး စိတ်တို လွယ်လာတာပဲ။ သူ အရင်တုန်းက လူ​တွေ ကို လျစ်လျူရှုထား​​ပေမယ့် အခု​တော့ သူက အမ​တွေ ကို တကယ် အနာတရဖြစ်စေတယ်။ အရမ်း လွန်လွန်းတယ်!"

ရှဲ့စန်း ထိုစကားကို ကြား​တော့ သူ ပို၍ပင် စိတ်မသက်မသာ ဖြစ်မိသည်။ စွမ်းအင် က ဆက်နွယ်သားရဲ​တွေလိုမျိုး လူ​တွေအပေါ် တူညီတဲ့ အကျိုးသက်ရောက်မှု ရှိပုံရသည်။ အဲဒါက လူတစ်​ယောက်ရဲ့ စိတ်ခံစားမှုကို ပိုထိ​ရောက်စေကာ စိတ်ဓာတ်ကိုလည်း အကျိုးသက်ရောက်စေသည်။

အက်ဒမ် က (“အားစန်း၊ မင်းဘာလို့ တစ်ခုခု မပြောတာလဲ။ ငါ့ဖြေရှင်းချက် က ကောင်းတယ် လို့ မင်း မထင်ဘူးလား")

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now