Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း

5.1K 896 11
                                    

Chapter 62 : Aဂြိုလ်ရဲ့ သတ္တုတွင်း

ရှဲ့စန်း အနက်ရောင် ကျားသစ်သားရဲရဲ့ ဘဝင်မြင့်​နေတဲ့ အကြည့်ကို မြင်ပြီး သူ့ရဲ့လည်ပင်းတစ်ဖက်ကို ပွတ်သပ်ကာ "ဥာဏ်​ကောင်းလိုက်တာ" ဟု ချီးကျူးခဲ့သည်။

သူ က ကျန်တဲ့ သားရဲ​​တွေကို ကြည့်ကာ "ငါ ခရီးသွား​နေတဲ့ အချိန် အနက်​ရောင် ကျားသစ်သားရဲက liveကို အဖွင့်၊အပိတ် လုပ်​ပေးမှာ ဆိုတဲ့ အတွက် မင်းတို့ liveလွှင့်ချင်တာကို လွှင့်လို့ ရတယ်။ စွင်း​မောင်း ကို မင်းတို့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုထားလိုက်မယ်၊ မင်းတို့ လိုအပ်တာရှိရင် သူ့ကို ရှာလို့ရတယ်။ အချိန်ရရင် ငါလည်း  liveကိုကြည့်​နေမယ်”

သားရဲ​တွေက သူ့ကို ညင်သာစွာ ပွတ်သပ်ရင်း {"အားစန်း၊ စိတ်မပူပါနဲ့၊ ငါတို့ အဆင်​ပြေမှာပါ"}

ရှဲ့စန်း အသံလွှင့်ခန်းရှိ စာများကို ကြည့်ကာ ပြုံးလိုက်သည်။ 

{“မနက်မှ သွားရမှာ။ မင်းတို့ရဲ့ကိုယ်ပိုင် liveကို နောက်မှ စလို့ရတယ်"}

ဧရာမ ကျားသစ်နက် သားရဲ က သူ့ရဲ့ ခြေထောက်ကို မြှောက်လိုက်ပြီး စတင်တဲ့ ခလုတ်ကို နှိပ်တော့မယ့် အချိန်မှာ ရှဲ့စန်း က "ခဏ​စောင့်ဦး" လို့ ​ပြောလာသည်။ သူ ကင်မရာကနေ နောက်ပြန်ဆုတ်ပြီး “ဒါပဲ” လို့ပြောလိုက်သည်။

ဧရာမ ကျားသစ်နက်ကြီး က စတင်တဲ့ ခလုတ်ကို တိကျစွာ နှိပ်လိုက်ရာ liveကို ကြည့်ရှုသူ​တွေ က ပြန်ကြည့်လို့ ရခဲ့သည်။ သို့သော် သားရဲ​တွေ က နံရံတစ်ဝိုက်တွင် အစုလိုက်အပြုံလိုက် နေ​နေကြတာကြောင့် သူတို့ရဲ့ ခေါင်း​တွေကို မမြင်နိုင်ဘဲ သူတို့ ခန္ဓာကိုယ် ​နောက်ပိုင်း​​တွေကိုသာ တွေ့ရသည်။

Liveအတွက် ရှဲ့စန်း ကင်မရာနှစ်လုံး တပ်ဆင်ထားသည်။ တစ်လုံး က သူတို့အရှေ့ နံရံရှိ အ​ရှေ့က​နေ ရိုက်တာ တစ်လုံး ၊အလယ်တွင် တစ်လုံး တပ်ဆင်ထားပြီး အ​ပေါ်စီး ရိုက်ချက်တစ်ခု ပါဝင်သည်။

လောလောဆယ်တွင်၊ ရှေ့ကင်မရာကိုသာ ဖွင့်ထားသောကြောင့် နံရံနှင့် ဆန့်ကျင်ဘက် အနေအထား ကကင်မရာ အပြင်ဘက်တွင် ရှိနေသည်။ Terminalကို နံရံတွင် တပ်ဆင်ထားပြီး ကျားသစ်နက်ကြီး က ခလုတ်ကို နှိပ်ရန် နံရံဆီသို့ သွားခဲ့သည်။ ကျန်တဲ့ သားရဲ တွေက သိချင်စိတ် အပြည့်နဲ့ စောင့်ကြည့်နေတာကြောင့် သူတို့အားလုံး နံရံမှာ စု​နေကြသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now