Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း

4.8K 827 13
                                    

Chapter 91 : စွမ်းအင်​တွေ အများကြီး ရခြင်း

ရှဲ့စန်း စာ​တွေ ကို မမြင်နိုင်သော်လည်း စင်မြင့်ရှေ့ရှိ ပရိသတ်​တွေရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး liveရှိ ပရိသတ်​တွေရဲ့ တုံ့ပြန်မှု ကို ခန့်မှန်းနိုင်ခဲ့သည်။ သူ အိုးထဲရှိ မွှေးကြိုင်​နေတဲ့ ငါးပြုတ် ကို ကြည့်ပြီး ဘရန့်ဒ်ဂြိုလ်ရဲ့  လူ​တွေ က အရမ်း သနားစရာကောင်းပြီး အစားအသောက် အဆင့်အတန်း က အရမ်း နိမ့်ပါး​နေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

ဒီ​လောက်ပဲ ဆိုရင်တောင်မှ အနံ့က တကယ်ကောင်းတာ။ စနစ်ရှိ အစေ့​တွေက​နေ စိုက်ပျိုးထားတဲ့ ငရုတ်သီးများ က အရည်အသွေးညကောင်းမွန်သော်လည်း ဟင်းခတ် အမွှေးအကြိုင်များမှာ အရမ်း နည်းပါးပါသည်။ ပါဝင်ပစ္စည်း အပြည့်အစုံ ရှိပြီး ငရုတ်သီးရဲ့ အရည်အသွေးနဲ့ ပေါင်းစပ်သွားပါက အနံ့ က အခုထက် ပို၍ ဆွဲဆောင်မှု ရှိမည်မှာ သေချာသည်။

'စွမ်းအင် 1'  'စွမ်းအင် 2' စသည်ဖြင့် အားလုံးက ဖန်သားပြင် တစ်ခုလို သူ့မျက်လုံး​ရှေ့တွင် ရုတ်တရက် မက်ဆေ့ခ်ျ​တွေ အများကြီး ပျံဝဲလာတာကြောင့် သူ အံ့ဩသွားသည်။

သူ စင်မြင့်ပေါ်ရှိ အိုးကို တောက်ပတဲ့ မျက်လုံး​တွေဖြင့် ကြည့်ရင်း သူ့ရှေ့တွင် ​ချွေး​တွေ ရွှဲနစ်နေတဲ့ မျက်နှာများစွာ ရှိနေသည်။ ရှဲ့စန်း ငါးပြုတ်တစ်အိုး ပြုလုပ်ခြင်းမှ ရရှိတဲ့ စွမ်းအင်ပမာဏ ကို အံ့အားသင့်​နေပြီး စွမ်းအင်ပမာဏ က ကြီးထွားနေဆဲဖြစ်သည်။

မာချွင် က သူ့ဆီသို့ လျှောက်လာပြီး အိုးထဲသို့ စိုက်ကြည့်လိုက်သည်။

 "ဟင်းက ချက်ပြီးပြီလား၊ အားလုံးကိုယ်စား မြည်းကြည့်လို့ ရမလား"

ရှဲ့စန်း သူ့အသိစိတ် ပြန်ဝင်လာသည်။ သူ ကြည့်လိုက်တော့ special menu က စားဖို့ အသင့် ဖြစ်​နေကာ ပြုံးပြီး မီးကို ပိတ်လိုက်သည်။

 “ကျက်သွားပြီ” ငါးက အလယ်အလတ် အထူရှိပြီး ​ကောင်း​ကောင်း ကျက်သွားသည်။

မာချွင် က ပန်းကန်လုံးနဲ့ တူ ကို အမြန် ဆွဲယူပြီး ပန်းကန်လုံးထဲသို့ ငါးအသားလွှာ ထည့်လိုက်သည်။ ​လေမှုတ်လိုက်ပြီး သူ့ပါးစပ်ထဲ ကို ထည့်လိုက်သည်။ မြင့်မားတဲ့ အပူချိန်အောက်တွင် အစပ်အရသာ က ပို၍ စူးရှလာသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now