Chapter 78 : အပြာရောင်ဂြိုလ်

4.8K 783 13
                                    

Chapter 78 : အပြာရောင်ဂြိုလ်

လောင်ထန်း သူ့ကိုယ်သူရဲ့ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားကာ ထိုနေရာတွင် ရပ်နေမိသည်။ ဒါပေမယ့် ကာဘူ က ပိုင်ကျောင်းရဲ့ ပခုံးဆီ လက် မြှောက်ထားတာ ကို မြင်တော့ သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ပိုမြန်ပြီး ပိုင်ကျောင်းရဲ့ ဘေးကို အမြန် ပြေးသွားလိုက်သည်။ သူက ပြုံးပြပြီး ပိုင်ကျောင်းရဲ့ ပုခုံးကို သူ့လက်ကို ဖက်လိုက်ပြီး ကြမ်းတမ်းတဲ့ ပုံစံနဲ့ လူနှစ်ယောက်ကြား သူ့ကိုယ်သူ တိုးဝင်လိုက်တယ်။

"အားကျောင်း. အားစန်း က နေ့လည်စာ စားချိန်ရောက်ပြီတဲ့"

ပိုင်ကျောင်း က သူ့ရဲ့ ကြင်နာတတ်တဲ့ အပြုအမူကို သုံးပြီး သူ့လက်ကို ဖယ်လိုက်သည်။

"ခဏစောင့်၊ ငါ ဆေးတွေ ဖယ်လိုက်ဦးမယ်" အချို့ ဆေးတွေ က ပစ်ထားရင် ပျက်စီးသွားတတ်ပြီး အချို့ဆေးတွေ ကို အခြောက်ခံရန် ဒီနေရာတွင် နေနေတာဖြစ်သည်။

ကာဘူ က ချက်ချင်းပဲ "မင်းအတွက် ငါ ဖယ်ပေးထားလိုက်မယ်။ မင်း ဒီနေ့လည် ပြန်လာယူလို့ ရတယ်လေ!"

ပိုင်ကျောင်း က ရယ်လိုက်တယ်။ "မလိုပါဘူး၊ ငါကိုယ်တိုင် လုပ်လိုက်မယ်" သူက လောင်ထန်း ကို ကြည့်လိုက်ပြီး "ငါတို့ ဘယ်တော့ ပြန်ထွက်မှာလဲ"

လောင်ထန်း က သူ့ကို သံသယ ဖြစ်စွာနဲ့ ကြည့်ပြီးတော့ "မသိဘူး" ဟု ရိုးရိုးသားသား ပြောလိုက်သည်။

ပိုင်ကျောင်း က သူ့အကြည့်ထဲ က အပြုံးတွေကို ဖုံးကွယ်ဖို့ မျက်လုံးကို အောက်ငုံ့ကြည့်ပြီး ဆေးပင်တွေကို ကောက်ယူကာ

"မကြာခင် ဖြစ်နိုင်တယ်။ ငါတို့ ဒီမှာ တော်တော် ကြာကြာနေပြီ"

ပိုင်ကျောင်း ကလာင်ထန်း အနောက်သို့ လိုက်သွားစဉ် ကာဘု က ပျောက်ဆုံးနေတဲ့ အကြည့်ဖြင့် ကြည့်နေသည်။ သူက ခြင်္သေ့မျိုးနွယ်ရဲ့ တစ်ဦးတည်းသော ကုသပေးသူ ဖြစ်တကြောင့်၊ သဘာဝအားဖြင့် စဥ်းစားဉာဏ် ရှိခဲ့သည်။ ပိုင်ကျောင်း က သူတို့ ဘယ်အချိန် ထွက်သွားမှာလဲ လို့ တမင် မေးခဲ့တယ်။ တကယ်တော့ ဒါက သူ့ကို သတိပေးလိုက်တာ ဖြစ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now