Chapter 87 : Coma

4.6K 847 19
                                    

Chapter 87 : Coma

ရေဘဝဲ ကို မြင်တော့ ရှူတာ့ မျက်လုံတွေ ပြူးကျယ်သွားကာ "အားစန်း ကြည့်စမ်း၊ မင်းရဲ့ အနောက်မှာ အကောင်ကြီး တစ်ကောင် ရှိနေတယ်!"

ရှဲ့စန်း အေးခဲသွားပြီး နောက်ပြန် လှည့်ကြည့်လိုက်တော့ ရေဘဝဲ အကြီးကြီးက မျက်နှာပြင် ကို စိတ်ဝင်တစားကြည့်နေတာ တွေ့လိုက်ရပြီး မီးခိုးရောင် လက်တံအဖျား က သူ့ပခုံးပေါ်မှာ ငြိမ်သက်စွာ တင်ထားတာ ကို တွေ့လိုက်ရသည်။ ရှူတာ့ရဲ့ စကားကို ကြားတော့ မျက်လုံးကြီးကြီးနဲ့ ဖန်သားပြင် ကို စိုက်ကြည့်နေသည်။

{"ငါက အကောင် အကြီးကြီး မဟုတ်ဘူး၊ ငါက အနိုင်ယူလို့မရနိုင်တဲ့ အရမ်းတော်တဲ့ ရေဘဝဲကြီးပဲ!"}
(T/N : ဪ..... အေးပါဟယ် )

ရေဘဝဲကြီးရဲ့ ခေါင်း က အရမ်း ကြီးပြီး သူ့ရဲ့ မျက်လုံးတွေ က အရမ်း အရမ်း ကြီးလွန်းတာကြောင့် လူတွေ ကို စိုက်ကြည့်တဲ့အခါ အရမ်း ကြောက်စရာကောင်းလှသည်။ liveထဲတွင် ကြည့်ရှုသူတွေ က ထအော်နေကြသည်၊

[အားး အားးးး အားးးးးး တင်ဆက်သူ ပြေးတော့လေ!]

ရှဲ့စန်း က live မဟုတ်ဘဲ ဆက်သွယ်ရေး စက်ကိုသာ ဖွင့်ထားတာကြောင့် စာတွေ ကို မမြင်နိုင်ဘဲ ငြိမ်သက်နေခဲ့သည်။ ရေဘဝဲ ကို သူ က ရှင်းပြလိုက်သည်။

{"အကောင် အကြီးကြီး ဆိုတာ မင်း က ခန္ဓာကိုယ် အကြီးကြီးနဲ့ အရမ်း ခံ့ညားတယ်လို့ ပြောတာ"}

ရေဘဝဲကြီး က မျက်တောင်ခတ်ကာ {"မျက်စိ ကောင်းသားပဲ"}
(T/N : ကောင်းမှာပေါ့ 👓 တပ်ထားရတယ်လေ)

ရှဲ့စန်း ကို ကြည့်နေရင်းနဲ့ ရှူတာ့ရဲ့ လက်တွေ တုန်နေသည်။

"ဒါက ကြောက်စရာကြီး!" ရှဲ့စန်းရဲ့ ပတ်ပတ်လည် ကို ကြည့်ရင်း "အားထန်း က ဘယ်မှာလဲ? ဒါ မတော်တဆဖြစ်နေတော့ မဟုတ်ဘူး မဟုတ်လား"

ရှဲ့စန်း က "မဟုတ်ပါဘူး၊ ကျွန်တော်တို့ အားလုံး အဆင်ပြေပါတယ်။ သူက ကျွန်တော်တို့ အနားမှာ ရှိတယ်"

ရှူတာ့ စိတ်အေးသွားစေဖို့ သူက လှည့်လိုက်ပြီး ဗီဒီယိုကို ချဲ့ပြလိုက်သည်။ မဝေးတဲ့ နေရာရှိ နဂါးပျံသားရဲပေါ်မှာ ထိုင်နေတဲ့ လောင်ထန်း ကို ပြပြီး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now