Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း

4.9K 986 12
                                    

Chapter 47.1 : စွမ်းအင် ပြန်လည်ရယူခြင်း

သူ့ကို ခေါ်ဆောင်သွားသည် ကို မြင်သွားမယ့် မိုင်နဲ၏ တုံ့ပြန်မှုကို တွေး၍ ကြံ့ပျံကို ရပ်ခိုင်းလိုက်သည်။ဖရဲသီးနွယ်ပင် ကို မြှောက်ပြီး ပြန်ပို့ပေးရန် ညွှန်ကြားခဲ့သည်။ သူ မြှောက်လိုက်သော်လည်း ကြံ့ပျံ သားရဲ က ပျံတက်သွားသဖြင့် သူ့ရဲ့ ခြေထောက် က ကြံ့သားရဲရဲ့ နောက်ကျောကို နောက်တစ်ကြိမ် နင်းထားခဲ့ရသည်။

ကြံ့ပျံသားရဲ၏ နူးညံ့ သိမ်မွေ့သော အသံသည် သူ့ခေါင်းထဲတွင် ​ပေါ်လာပြီး သံသယဖြင့်

{“မင်း ပျံသန်းနိုင်တာလား"}

{"ငါ မပျံနိုင်ပါဘူး"} ရှဲ့စန်း က ပြောလိုက်သည်။ {“မင်း ရပ်လိုက်။ ငါ ပြန်သွားချင်တယ်"}

{"မင်းရဲ့ စွမ်းအင်ကို ပြန်ယူနိုင်တယ် လို့ မင်းပြောတာမဟုတ်ဘူးလား? အဲဒီမှာ သားရဲတွေ အရမ်း များတယ်။ ငါ မင်းကို လုံခြုံတဲ့နေရာကို ခေါ်သွား​ပေးမယ်"}

{"မဖြစ်ဘူး"} အတောင်ပံခတ်ပြီး ထွက်သွားမှာ စိုးရိမ်ပြီး ရှဲ့စန်း က ပြောလိုက်သည်။ {“ငါ့ သူငယ်ချင်းတွေ က ငါ့ကို စောင့်နေကြတုန်းပဲ။ ဒီအတိုင်း ထွက်သွားရင် သူတို့ စိတ်ပူလိမ့်မယ်”}

ကြံ့ပျံက လိုက်လျော ညီထွေစွာဖြင့် {“ဒါဆို မင်းသူငယ်ချင်းတွေ ကို ငါနဲ့ အတူ ခေါ်သွား​ပေးမယ်”}

ရှဲ့စန်း က ကြံ့ပျံသားရဲ၏ ခေါ်ဆောင်သွားခြင်း ခံရသည် ကို မိုင်နဲ မြင်သောအခါ သူ၏ အမူအရာသည် ချက်ချင်းပင် အလွန် ကြည့်ရဆိုးသွားခဲ့သည်။ သူ ဖရဲသီးနွယ်ပင် ကို လက်တစ်ဖက်တည်းဖြင့် ဆွဲကာ ချောက်ကမ်းပါး ထိပ်မှ အောက်ခြေသို့ လျင်မြန်စွာ ဆင်းရန် ကမ်းပါးနံရံ ကို ခြေဖြင့် ထောက်ကန်လိုက်သည်။

​လောင်ထန်း က သူ ​မြေပြင်​ပေါ် ဆင်းတာကို စောင့်ပြီး ဖရဲသီးနွယ်ပင်ကို ချက်ချင်းဆွဲယူကာ ခုန်ဆင်းခါနီးမှာ ပိုင်​ကျောင်း ကို တွေးပြီး ထိုင်ချလိုက်သည်။

 " ငါ မင်းကို ​ခေါ်ပြီး ဆင်းမယ်"

ပိုင်​ကျောင်း က တုံ့ဆိုင်းမနေဘဲ သူ့နောက်ကျော ကို တိုက်ရိုက် ခုန်တက်လိုက်​တော့ ​လောင်ထန်း က သူ့ကို သယ်ကာ အောက်ကို အမြန် ဆင်းလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now